အမေရိကန် ဇီဝဓာတ်ခွဲခန်းများ လုံခြုံရေးစည်းမျဉ်းများကိုချိုးဖောက်ဟုဆို

0
196

ဝါရှင်တန်၊ မင်နီဆိုတာနှင့် အီလီနွိုက်စ်တို့ရှိ တက္ကသိုလ်များမှ အထူးဇီဝဓာတ်ခွဲခန်းများတွင် လုံခြုံရေးစည်းမျဉ်များချိုးဖောက်ခဲ့ခြင်းနှင့်ပတ်သက်သည့် မှတ်တမ်းများ ရရှိပြုစုထားကြောင်း ရုရှားနျူကလီးယား၊ ဇီဝဗေဒနှင့် ဓာတုဗေဒ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov က ဇီဝလက်နက်ကွန်ဗင်းရှင်း (BWC) ၏ နဝမအကြိမ်မြောက် ပြန်လည်သုံးသပ်ခြင်းညီလာခံမတိုင်မီ စနေနေ့တွင် ပြောကြားခဲ့သည်။

“ဝါရှင်တန်၊ မင်နီဆိုတာနဲ့ အီလီနွိုက်စ်ပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ်တွေက အထူးဇီဝဓာတ်ခွဲခန်းတွေဖြစ်ကြတဲ့ BSL-3 နဲ့ BSL-4တို့မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေဟာ ဓာတ်ခွဲခန်းအတွင်းပိုင်းမှာ ကူးစက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး မျိုးဗီဇပြုပြင်ထားတဲ့ ဗိုင်းရပ်စ်အဖျားရောဂါတွေ၊ ရောဂါဖြစ်ပွားမှုမြင့်မားစေတဲ့ ကြက်ငှက်တုပ်ကွေးနဲ့ အခြားရောဂါပိုးတွေလို ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုတွေ ပျံ့နှံ့မှုအန္တရာယ်ကို တိုးမြင့်စေပါတယ်” ဟု Kirillov မှပြောကြားခဲ့သည်။

Ref: US biolabs violate safety rules – Russian Defense Ministry


LEAVE A REPLY

Please enter your comment!
Please enter your name here