မူဆယ်မြို့တွင် အသက်(၈၀)အရွယ် အဘိုး၊အဘွား နှစ်ဦးအား လူတစ်စုကသေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်

0
344

ရှမ်းပြည်နယ်၊မူဆယ်မြို့၊တောင်းရပ်ကွက်ရှိ နေ အိမ်တစ်လုံး၌ နိုဝင်ဘာ ၂၅ ရက်က အသက်(၈၀) အရွယ် အဘိုး၊အဘွား နှစ်ဦးတည်းရှိနေစဥ် လူတစ်စုကဝင်ရောက်လာကာ သေနတ်ပြခြိမ်း ခြောက်၍ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊တောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ အဘိုး၊အဘွား နှစ်ဦးတည်းရှိနေစဥ် အမည်မသိအမျိုးသား ၆ ဦးရောက်ရှိလာကာ တံခါးဖွင့်ခိုင်းခဲ့သဖြင့် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တံခါးဖွင့်ပေးခဲ့ရာ နေအိမ်အတွင်းသို့ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ တရုတ်ယွမ် ၂ သိန်း၊ မြန်မာငွေ ကျပ်သိန်း ၇၀ နှင့်မြေဂရမ် ၅ ခုတို့အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေအိမ်အား စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရှာ ဖွေစုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here