ကမ္ဘာ့ဖလား အုပ်စု (C) နဲ့ အုပ်စု (D) ပွဲစဉ်တွေဖြစ်တဲ့ ပြင်သစ်နဲ့ ဒိန်းမတ်၊ အာဂျင်တီးနားနဲ့ မက္ကစီကို ယှဉ်ပြိုင်ကစားရာမှာ အသင်းကြီးတွေဖြစ်တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂ ဂိုးလုံးကို လူငယ်တိုက်စစ်မှူးဘာပေက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ပထမဆုံး အုပ်စုအဆင့်အောင်တဲ့ အသင်းဖြစ်လာပါတယ်။
အာဂျင်တီးနားနဲ့ မက္ကစီကို ပွဲစဉ်မှာတော့ အာဂျင်တီးနားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နိုင်ပွဲပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အာဂျင်တီးနားအတွက် ဂိုးတွေကိုတော့ မက်ဆီနဲ့ ဖာနန်ဒက်ဇ်တို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးဖန်တီးပေးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးဟာလည်း စုစုပေါင်း ၈ ဂိုးအထိရှိခဲ့တာကြောင့် အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။









