သမ္မတဘိုင်ဒင်အစိုးရသည် တရုတ်နိုင်ငံထုတ် ဟွာဝေးနှင့် ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုခြင်းကိုပိတ်ပင်ခဲ့ပြီး ၎င်းတို့သည်အမေရိကန် နိုင်ငံတော်လုံခြုံရေးအတွက် လက်မခံနိုင်သောအန္တရာယ်ဖြစ်စေသည့် ပစ္စည်းများဖြစ်သည်ဟုလည်းဆိုသည်။
၎င်းအပြင် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က တရုတ်နိုင်ငံ၏ စောင့်ကြည့်ကိရိယာထုတ်လုပ်သည့် Dahua Technology၊ ဗီဒီယိုစောင့်ကြည့်ရေးကုမ္ပဏီ Hangzhou Hikvision Digital Technology နှင့် တယ်လီကွန်းကုမ္ပဏီ Hytera Communications တို့မှထုတ်လုပ်သည့် စက်ပစ္စည်းများရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းတို့ကိုလည်းတားမြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ကပြောကြားခဲ့သည်။
ယခုကဲ့သို့ပြုလုပ်ခြင်းသည် ပေကျင်းအနေဖြင့် အမေရိကအားထောက်လှမ်းရန် တရုတ်နည်းပညာကုမ္ပဏီကြီးများမှတစ်ဆင့် ပြုလုပ်မည်ကိုစိုးရိမ်သဖြင့် ယခုလိုကန့်သတ်ခြင်းမျိုးလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။
ယခုအခြေအနေနှင့်ပတ်သက်၍ ဟွာဝေးမှမှတ်ချက်ပြုရန်ငြင်းဆိုခဲ့သည်။ ZTE,Dahua,Hikvsion and Hytera တို့သည်လည်း မှတ်ချက်ပြုရန်ငြင်းဆိုခဲ့ကြသည်။တရုတ်ပစ္စည်းများအား ကန့်သတ်ပိတ်ပင်လိုက်ခြင်းအပေါ် အမေရိက၏ ရီပတ်ဘလစ်ကန်နှင့်ဒီမိုကရက်တစ်ပါတီနှစ်ခုလုံးမှ သဘောတူထောက်ခံခဲ့ကြသည်။
Source : Reuters
