Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင်...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးဗဟိုကော်မတီက ယနေ့တွင် တို-က်တွန်းနှိုးဆော်ထားသည်။ "ငလျင် ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်စိနဲ့မြင်ရနိုင်တဲ့...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...
HomeNewsLocal Newsကန်ကျနဘူရီခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား...

ကန်ကျနဘူရီခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် ကန်ကျနဘူရီခရိုင်၌ နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၁၁ နာရီကျော်ခန့်က ကန်ကျနဘူရီခရိုင်၊စန်ခဘူရီမြို့၊နောင်လူကျေးရွာတွင် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းအ ရ တာဝန်ရှိသူများကရှာဖွေဖမ်းဆီးရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်စဥ် မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးအားတွေ့ရှိရသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်မှတရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား ကလေးငယ်တစ်ဦးအပါအဝင် အ မျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၇ ဦးတို့အား ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စန်ခဘူရီမြို့ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စေတီတော်ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းမှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အနေဖြင့် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံအနှံ့အပြား၌ ငါးမွေးမြူရေးကန်များဖြင့် မွေးမြူရေးဆောင်ရွက်နေခြင်းဖြစ်သည်။ ငါမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံရန်အတွက် ကမ်းပါးနိမ့်သော နေရာတွေမှာ သဲအိတ်များဖို့ထားပြီး ကန် ပေါင်ခိုင်ခံအောင်ပြုလုပ်ရန်၊ သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာသို့ ရွေ့ပြောင်းထားရန်အပါအဝင် အချက် (၁၀) ချက်ကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံကြရန်လည်း အသိပေးထားသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဗဟိုကော်မတီ တို-က်တွန်းနှိုးဆော်

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးဗဟိုကော်မတီက ယနေ့တွင် တို-က်တွန်းနှိုးဆော်ထားသည်။ "ငလျင် ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်စိနဲ့မြင်ရနိုင်တဲ့ မြေသားကြံ့ခိုင်မှုလျော့နည်းသွားတဲ့ အက်ကွဲကြောင်းဖြစ်စဉ်တွေကလည်း အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ အနှံ့အပြားလဲ ရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ပြည်သူတွေ အနေနဲ့ သာမန်မြစ်ရေဝင်ရောက်မှုသာမက မြေသားကြံ့ခိုင်မှု လျော့နည်းသွားခြင်း ဖြစ်စဉ်တွေဖြစ်ခဲ့တဲ့ဒေသတွေ ကိုယ်တိုင် ငလျင်ဒဏ်ကိုပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ဒေသတွေအနေနဲ့ ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြဖို့ အမြဲသတိရှိကြဖို့လဲ ကျွန်တော်တို့က တို-က်တွန်းပါတယ် အကြံပြုပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဗဟိုကော်မတီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071