ရုရှ – မြန်မာ နှစ်နိုင်ငံ ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရုရှ အဖွဲ့​ မြန်မာသို့ ရောက်ရှိ​နေ

0
277

ရုရှဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပညာ ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တို့မြှင့် လုပ် ဆောင်နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်​နေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှ – မြန်မာ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဗစ်တလီဆိုလိုနက်စကိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ နိုဝင်ဘာ (၂၃) ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရုရှားနိုင်ငံရှိ တက္ကသိုလ်များအနေဖြင့် မြန်မာ နိုင်ငံမှ ပညာတော်သင်များကို ယခင်ထက် ပိုမိုတိုးချဲ့ခေါ်ယူရေးနှင့် မြန်မာနိုင်ငံမှ အသိပညာရှင် Think Tank အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် နစက အစိုးရ လက်ထက်တွင် ရုရှ – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြန်မာနိုင်ငံသည် ရုရှ၏ ယုံ ကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှသမ္မ တ ဗလာတီမာပူတင်က ပြီးခဲ့သည့် အရှေ့ဖျားဖိုရမ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်က ထည့်သွင်း ပြောကြားသွားသည်။

လက်ရှိတွင် ရုရှ – မြန်မာနှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၊ ကုန်စည်စီးဆင်းမှု ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများ ၊ ရင်းနှီးမြှုပ် နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်လျှက်ရှိသည်။

ထို့အပြင် နျူးကလီးယားစွမ်းအင်ကဏ္ဍ ပူးပေါင်ဆောင်ရွက်မှု ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ ၊ စွမ်းအင် ကဏ္ဍတို့တွင်လ ည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြည်ပပို့ကုန်တင်ပို့မှုတွင်လည်း ရုရှငွေကြေးဖြစ်သည့် ရူဘယ်‌ဖြင့် တိုက်ရိုက်ငွေပေးချေမှု လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ​နေသည် ။

နိုဝင်ဘာ (၂၃) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာ ရှိကြီးများနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်နှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး တက်ရောက်ခဲ့ကြပြီး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိ ယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက် စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နာမည်ကျော်တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှု ဆောင် ဒါရိုက်တာတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here