အင်ဒိုတွင် မြေငလျင်လှုပ်အပြီး မိုးသည်းထန်စွာရွာသွန်းကာ မြေများပြိုသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ အခက်အခဲဖြစ်

0
256

အင်ဒိုနီးရှားနိုင်ငံတွင် ရစ်ခတာစကေး အင်အား ၅ ဒသမ ၆ ရှိမြေငလျင်လှုပ်ရှားခဲ့ပြီးနောက်၊ မိုးသည်းထန်စွာရွာသွန်းပြန်ကာ မြေပြိုမှုများလည်း ဆက်တိုက်ဖြစ်လာသဖြင့် ငလျင်ဒဏ်သင့်သူများနှင့် ပျောက်ဆုံးနေသူများအတွက် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးဆောင်ရွ၈်နေသည့် အဖွဲ့များမှာ အခက်အခဲများစွာရင်ဆိုင်နေရပြီး နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့သည်။

လက်ရှိသိရသမျှ သေဆုံးသူ ၂၇၁ ဦးရှိလာပြီဖြစ်ပြီး၊ ပျောက်ဆုံးသူများနှင့် အပျက်အစီးများထဲတွင်ပိတ်မိနေသူများ ရှိနေသေးသည်။ သို့ရာတွင် အဆိုပါ ပိတ်မိနေသူများအတွက် တရားဝင်ရှာဖွေမှုမှာမူ အချိန်ကုန်သွားပြီဖြစ်ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်က ရစ်ခတာစကေး ၅ ဒသမ ၆ အင်အားရှိ မြေငလျင်တစ်ခု လှုရှားခဲ့ပြီး၊ ယင်းမြေငလျင်ဗဟိုချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ မြိုတော် ဂျာကာတာမှ အရှေ့တောင်ဖက် ၇၅ ကီလိုမီတာအကွာရှိ၊ Cianjur မြို့အနီးတွင်ဖြစ်ပြီး၊ အဆိုပါဒေသတွင် လူဦးရေ ၂ ဒသမ ၅ သန်းခန့်နေထိုင်ကြသည်။ ဥရောပ-မြေထဲပင်လယ် မြေငလျင်လေ့လာစောင့်ကြည့်ရေးဗဟိုဌာန၏ အဆိုအရ မြေငလျင်၏ အရင်းအမြစ်သည် မြေမျက်နှာပြင်အောက် ၅ ကီလိုမီတာ အကွာတွင် ဖြစ်ကြောင်းသိရသည်။

ပစိဖိတ်မြစ်ဝှမ်းရှိ ပြတ်ရွေ့ကြောများကြောင့် အင်ဒိုနီးရှားတွင် ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၀၄ ခုနှစ်တွင် အင်အားပြင်း မြေငလျင်နှင့် ဆူနာမီကြောင့် လူပေါင်း ၂၃၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

Ref: Aftershocks, heavy rain hamper Indonesia earthquake rescuers


LEAVE A REPLY

Please enter your comment!
Please enter your name here