Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမှတ်ပုံတင်နှင့် သန်းခေါင်းစာရင်း အပိုကိုင်‌ဆောင်သူများကို...

မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်း အပိုကိုင်‌ဆောင်သူများကို ဥပဒေအရ အရေးယူမည်ဟုဆို

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ပြန်အပ်ရန် ညွှ န်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက် လက်ကိုင်ဆောင်ထားသူများကို စစ်ဆေးတွေ့ရှိပါက ဥပ ဒေအရအရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းဌာနမှတဆင့် နိုဝင်ဘာလ ၂၂ ရက် ရက်စွဲဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားပါက နိုဝင်ဘာ (၁၅) ရက်အထိ နောက်ဆုံးထားကာ သက် ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အကြောင်းကြားကာ အပ်နှံကြရန် လဝက က ပြီးခဲ့သည့် လကုန်ပိုင်းတွင်  လဝကဝန်ကြီးဌာနက အသိပေးကြေညာထားခြင်း ဖြစ်သည်။

မူလက နိုဝင်ဘာ (၁) ရက် နောက်ဆုံးထား အပ်နှံရန်နှင့် ပြန်လည် အပ်နှံခြင်းမရှိပါက နောက်ဆုံးထုတ်ယူထားသ ည့် မှတ်ပုံတင်နှင် သန်းခေါင်စာရင်းများကိုသာ အတ ည်ယူမည်ဖြစ်ပြီး ယခင်ထုတ်ပေးထားသည့် ကတ်များကို ပယ်ဖျက်ပစ်မည်ဟု ကြေညာထားပြီး ပြည်သူလူထု၏ ပ ညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ဘဏ်ငွေ စာရင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေပိုင်ဆိုင်မှု၊ တယ် လီဖုန်း စသည့်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်‌ နေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်နေ့အထိ နှစ်ပတ် ရက်ထပ်တိုး သတ်မှတ်ပေးကြောင်း လဝက၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် အဆိုပါ ခွင့်ပြုရက်မှာ ပြည့်မြောက်သွားပြီဖြစ်သဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ပြန် လည် အပ်နှံခြင်း မရှိဘဲ ဆက်လက်အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံ တင် ကိုင်ဆောင်ထားသူ (၂၉)သန်းကျော်ရှိပြီး မှတ်ပုံတင်မရှိသူ မှတ်ပုံတင်မရှိသူ (၁၂) သန်းရှိကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင်မရှိသူ (၁၂) သန်းကျော်မှာ လဝက၏ မြေပြင်တိုက်ဆိုင် စစ်ဆေးချက်များအရ အသက် (၁၈) နှစ် ပြည့်ပြီးသူများအပါအဝင် အသက်(၁၈) နှစ် မပြည့်သူများလည်း ပါဝင်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြုလု ပ်သည့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်း‌မှ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင် နှစ်ကြိမ်ထပ်နေသူ (၁)သိန်းကျော်နှင့် မှတ်ပုံတင် သုံးကြိမ်ထပ်နေသူ တစ်သောင်းကျော်ရှိပြီး အဆိုပါ မှတ်ပုံတင် ထပ်နေသူ များ၏ ကတ်များကို  လျှော့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများအား စာရင်းပြုစုကာ အသိအမှတ်ပြု ကတ်များ ထုတ်ပေးထားပြီးဖြစ်ပြီး လူဦးရေ (၅၂) သန်း ကျော်ကို အီလက်ထရောနစ်စနစ်သုံး ဆော့ဖ်ဝဲစနစ်အတွင်း ရေးသွင်းထားပြီးဖြစ်ကြောင်း လဝက၏ စာရင်းအချက်အလ က်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071