ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်း မကြီး၊စက်မှုဇုန်(၃)ရှိ အာမီရမ်စက်ရုံတွင် နိုဝင် ဘာ ၂၃ ရက်(ယနေ့)မွန်းလွဲပိုင်းက မီးလောင်မှုဖြစ် ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းတို့မှ သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီ ၆ မိနစ်ခန့်က ရွှေပြည်သာမြို့ နယ်၊စက်မှုဇုန်(၃)ရှိ အာမီရမ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၂၇ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးလောင်မှုဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦး၏ ခြေထောက်တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ရွှေပြည်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ခြေထောက်မီးဟပ်သွားတာပေါ့ အရေပြားတွေလန်သွားတယ် သူကအဲဒီစက်ရုံဝန်ထမ်းပါ မီး လောင်တဲ့အချိန်မှာ မီးငြှိမ်းရင်းနဲ့ဖြစ်သွားတာပါ ဘာ့ကြောင့်မီးလောင်မှုဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ် ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


