မန္တလေးတိုင်း၊မိုးကုန်မြို့နယ်၊ရေပူအုပ်ကျေးရွာ အုပ်စု၊အုန်းကိုင်းရွာသစ်တွင် နိုဝင်ဘာ ၂၂ ရက် (ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နေ့လည် ၁ နာရီ ၅၅ မိနစ်ခန့်က မိုးကုတ်မြို့ နယ်၊ရေပူအုပ်ကျေးရွာအုပ်စု၊အုန်းကိုင်းရွာသစ်ရှိ ကျောက်တွင်းဟောင်းမြေတွင်း(မျှောပျက်)အ တွင်း မျှောတိုက်နေသည့် အမျိုးသား ၁ ဦးသည် ကျောက်တုံးပိမိသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား သတင်းအရ လယ်ဦးနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊မိုးကုတ်မြို့နယ်အရန်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ကျောက်တုံးပိမိသူအား ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိလျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး မြတ်စေတနာလူမှုကူညီရေးအသင်းမှ မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


