စင်ကာပူနိုင်ငံ၊ Singapore Indoor Stadium ၌ နိုဝင်ဘာ ၁၉ ရက်(ယနေ့)တွင် ကျင်းပမည့် One Championship ၏ One 163 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့်ဂျပန်နိုင်ငံသား အိုကာမီတို့ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
One Championship ၏ One 163 ပြိုင်ပွဲအား မြန်မာစံတော်ချိန်ညနေ ၅ နာရီခန့်တွင် စတင်ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကာ အောင်လအန်ဆန်နှင့်အိုကာမီတို့၏ ပွဲစဥ်မှာ ယနေ့ည ၇ နာရီခွဲခန့်၌ ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်နှင့်အိုကာမီတို့သည့် မယ်ဒယ်ဝိတ်တန်း၌ ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ အောင်လအန်ဆန်သည် အသက်(၃၇)နှစ်အရွယ်ဖြစ်ပြီး အိုကာမီသည် အသက်(၄၁)နှစ်အရွယ်ဖြစ်သည်။
One 163 ပွဲစဥ်များ၌ အမျိုးသမီးတွဲဆိုင်း ၂ ဆိုင်းအပါအဝင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်မည်ဖြစ်ပြီး အဓိကပွဲစဥ်အဖြစ် ဂျပန်နိုင်ငံသားနှင့်ထိုင်းနိုင်ငံသားတို့က ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။