ယမန်နေ့ နိုဝင်ဘာ (၂) ရက် ညဦးပိုင်းက ရန်ကုန်မြို့လယ် လူစည်ကားရာနေရာဖြစ်သည့် (၂၆)လမ်းရှိ မြန်မာသစ္စာ အိမ်ဆောက်ပစ္စည်းနှင့် ကုန်မာဆိုင် အနုကြမ်းစီး ဓားပြတိုက်ခံရမှုတွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်းမှာ ဒ ဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည (၆) နာရီခွဲ ဝန်းကျင်က (၂၆) လမ်းနှင့် ကုန် သည်လမ်းထောင့်ရှိ မြန်မာသစ္စာဆိုင်အား မျက်နှာဖုံးစွ တ် ထားသည့် လူ (၃) ဦးက ဝင်ရောက် အနုကြမ်းစီး ဓား ပြတိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် အနုကြမ်းစီး ဓားပြတိုက်သူများက ဆိုင်အတွင်းရှိ ဆိုင်ရှင် ဦးမောင်မောင်ထွန်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့အား ဓားများဖြင့် ထိုးနှက်တိုက် ခို က်ခဲ့သည့်အတွက် ဦးမောင်မောင်ထွန်းမှာ ပေါင် (၂) ဖက်တွင် ထိုးသွင်းဒဏ်ရာ (၁၀) ချက်နီးပါး ရရှိခဲ့ကြောင်း ကူ ညီဆောင်ရွက်ပေးနေသူ ဦးဇော်ဝင်းက ပေါ်ပြူလာနယူး (စ်) သို့ ပြောသည်။
” ပေါင်တွေချည်းပဲ ။ ပေါင်းရင်းတွေမှာချည်းပဲ။ ဆယ်ချက်လောက်ရှိတယ်။ ဓါးက နည်းတဲ့ ဓါးတွေမဟုတ်ဘူး။ ဟိုဘက် ဒီဘက် ထုတ်ချင်းပေါက်သွားတာတောင်ပါတ ယ်။ သွေးပူနေတဲ့အချိန်မှာ ဘာမှမသိလိုက်ရဘူး ။ သွေး အေးတော့မှ လမ်းမလျှောက်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ဆိုင်အတွင်း အတူရှိနေသည့် ဦးမောင်မောင်ထွန်း၏ သူငယ်ချင်းဖြစ်သူ ဦးမြင့်ကြည်မှာလည်း ဓားပြတိုက်အနုကြမ်းစီးသူတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်ခံရပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ဦးမောင်မောင်ထွန်းနှင့် ဦးမြင့်ကြည်တို့ (၂) ဦးအား ယမန် နေ့ ညပိုင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကန ဦး ပို့ဆောင်ခဲ့ပြီး သျှင်ပါကူ ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးဝါးကုသမှု ခံယူစေခဲ့ရကြောင်း သိရသည်။
ယင်းသို့ ဆေးဝါးကုသမှု ခံယူပြီးနောက် ည ၁၁ နာရီဝန်း ကျင်တွင် ဆေးရုံမှ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အနုကြမ်းစီး ဓါးပြတိုက်မှုတွင် ငွေကျပ် သိန်း (၅ ၀၀) ဝန်းကျင် ၊ ဖုန်း (၃) လုံးနှင့် ကားတစ်စီး ပါသွားကြော င်း ဦးဇော်ဝင်းက ပေါ်ပြူလာသို့ပြောသည်။
” ငါးရာလောက်ရှိတယ်။ အပြင်မှာက လျှောက်ရေးကြတာ။ အေးဗျာ အကုန်ပါသွားတာ။ ဘာလုပ်ရင်ကောင်းမလဲ ဘာညာတိုင်ပင်နေ ကြတာ နှစ်ယောက်လုံးက အေးဆေးပဲ။ အဲဒီမှာ အမှတ်တမဲ့ ဝင်လာပြီးလုပ်သွားကြတာ။ အလှူဒါနကြောင့်သာ အသက်မသေဘဲ ကံကောင်းသွားတာ ” ဟု ၎င်းက ဆိုသည်။
ဓါးပြတိုက်အနုကြမ်းစီးသူများသည် ဆိုင်အတွင်းရှိ ငွေများနှင့် ဖုန်း (၃) လုံးကို ယူဆောင်သွားသည့်အပြင်Toyota Allion (ခဲရောင်) အမျိုးအစားကားတစ်စီးကိုပါ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အနုကြမ်းစီး၊ ဓါးပြတိုက်မှုနှင့် ပတ် သက်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး ကျူးလွန်သူများဖမ်းမိရေးနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။