မင်္ဂလာတောင်ညွန့်တွင် ဖြစ်ပွားခဲ့သည့် လူသတ်အနုကြမ်းစီးမှုတွင် သေဆုံးသွားသူများမှာ ရူပဗေဒပညာရှင် စာရေးဆရာ ဇနီးမောင်းနှံဖြစ်နေ

0
967

အောက်တိုဘာ (၃၀) ရက်က ညပိုင်းက နေအိမ်တိုက်ခန်းအတွင်း သေဆုံးလျင်တွေ့ရှိခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းက လူသတ်အနုကြမ်းစီးမှုတွင် သေဆုံးသွားသူများမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ အငြိမ်း စားဆရာ ဆရာဦးမြင့်ဝေနှင့် ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းတို့ဖြစ်ကြောင်း သိရသည်။

ဆရာဦးမြင့်ဝေသည် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွ င် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး တက္ကသိုလ်ကြယ်ပွင့် ကလောင်ဖြင့် ရူပဗေဒဆိုင်ရာ စာပေများစွာ ရေးသား ထုတ်ဝေခဲ့သည့် နာမည်ကျော် သိပ္ပံဆိုင်ရာ စာရေးဆရာ တ စ်ဦးလည်း ဖြစ်သည်။

ဆရာ ဦးမြင့်ဝေနှင့် ဇနီး ဖြစ်သူတို့သည် ရန်ကုန်တိုင်း မင်္ဂ လာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ နေအိမ် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ (၃၀) ရက် ညဦးပိုင်းက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုမှာ လူသတ်အနုကြမ်းစီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများသည် ငွေနှင့် ပစ္စည်းများ ယူဆောင်သွားကြောင်း ရပ်ကွက်နေ ပြည်သူအချို့ထံမှ သိရသည်။

” အစ်မတို့လည်း အစက မသိဘူး။ သူတို့က နှစ်ယောက်တည်းနေကြတာ။ မနေ့က သတင်းတွေ တက်လာမှ စာ ရေးဆရာ ဇနီးမောင်နှံဆိုတာသိရတာ။ သိပ်တော့ နားမလည်ပေမယ့် တိုင်းပြည်အတွက် နစ်နာတာပေါ့။ ပညာရှင်တွေ ဆုံးရှုံးရတာဆိုတော့လေ။ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ရပ်ကွက်နေ ပြည်သူ တ စ်ဦးက ပြောသည်။

ဆရာဦးမြင့်ဝေသည် တက္ကသိုလ်ကြယ်ပွင့် ကလောင်အ မည်ဖြင့် ရူပဗေဒဆိုင်စာ စာပေများရေးသားထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗမ္မာန် စာမူဆုများ ရရှိထားသည့် ဝါရင့်သိပ္ပံဆိုင်ရာ စာရေးဆရာ တစ်ဦး ဖြစ် သည်။

ဆရာရေးသားခဲ့သည့် “ရီလေတီဗီတီသီအိုရီ ” စာအုပ်ဖြင့် ၁၉၇၃ ခုနှစ် စာပေဗိမ္မာန်စာမူ ဒုတိယဆုရရှိခဲ့ပြီး “စူပါကြိုးမျှင်လေးသီအိုရီ” စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုး သား စာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့သည့်အပြင် ” အိုင်းစတိုင်း”၊ “ကွမ်တမ်သီအိုရီ”၊ “စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း”၊”M-သီအိုရီနှင့် ကော်စမောလော်ဂျီ” အစရှိသဖြင့် ရူပဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း များစွာ ရေးသားခဲ့သူဖြစ်သည်။

ဆရာဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) နှင့် ဇနီးဖြစ်သူ ဆ ရာမ ဒေါ်ခင်ခင်စန်း သေဆုံးမှုအတွက် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကျောင်းသားဟောင်းများနှင့် စာပေနယ်ပယ် မှ ပညာရှင်များက ဝမ်းနည်းပူဆွေးကြောင်း ရေးသားဖော်ပြမှုများ လုပ်ဆောင်လျက်ရှိသည်။

ဆရာဦးမြင့်ဝေသည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းသည်လ ည်း အသက် ၇၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here