လေဖြတ်ပြီးနောက် ၁၂ နာရီအတွင်း သွေးခဲများကို ဖယ်ရှားခြင်းသည် လူနာများ၏ ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေကြောင့် လေ့လာတွေ့ရှိ

0
794

လေဖြတ်ပြီးနောက် ၁၂ နာရီအတွင်း သွေးကြောများအတွင်းမှ သွေးခဲများကို ဖယ်ရှားခြင်းသည် လေဖြတ်လူနာများ၏ ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေပြီး သေဆုံးမှုနှုန်းကိုလည်း လျော့ကျစေကြောင်း တရုတ်သိပ္ပံရှင်များ၏ လေ့လာမှုအသစ်တစ်ခုတွင် တွေ့ရှိခဲ့သည်။

တရုတ်သုတေသီအဖွဲ့တစ်ဖွဲ့မှ တွေ့ရှိချက်ကို New England Journal of Medicine တွင် ကြာသပတေးနေ့က ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ပထမတွဲဖက်ဆေးရုံမှ သုတေသီများက ယင်းလေ့လာသုတေသနပြုမှုကို ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် တရုတ်နိုင်ငံရှိ ဆေးခန်း ၃၆ ခုတွင် ပျမ်းမျှအသက် ၆၆ ဒသမ ၅ နှစ်ရှိ လူနာ ၃၄၀ ပါဝင်သော  ကျပန်းစမ်းသပ်မှုကို ပြုလုပ်ကာ လေ့လာခဲ့ခြင်းဖြစ်သည်။

သွေးခဲဖယ်ရှားခြင်းကြောင့် ရက်ပေါင်း ၉၀ အတွင်းတွင် သိသိသာသာ ကျန်းမာရေးကောင်းမွန်လာကြောင်းတွေ့ရှိရပြီး လည်ချောင်းခွဲစိတ်ကုသသည့်အုပ်စုတွင် သေဆုံးမှုမှာ ၃၇ ရာခိုင်နှုန်းနှင့် အခြားလေဖြတ်ဝေဒနာရှင်များအုပ်စုတွင် ၅၅ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်းကိုလည်း တွေ့ရှိခဲ့သည်။

မိမိတို့၏သုတေသနပြုမှုသည် လေဖြတ်ခြင်းအတွက် ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများကို ပေးအပ်ခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here