Monday, June 15, 2026

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင်...

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃)...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP...

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant...

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက်...

ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ...
HomeNewsLocal Newsကျိုင်းတုံတွင် ခရီးသည်တင်ကား ဘရိတ်ပေါက်ကာတောင်ကမ်းပါးရံအားဝင်တိုက်...

ကျိုင်းတုံတွင် ခရီးသည်တင်ကား ဘရိတ်ပေါက်ကာတောင်ကမ်းပါးရံအားဝင်တိုက် ကားမောင်းသူသေဆုံး ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်၊ကျိုင်းတုံ-တောင်ကြီး-မိုင်းပျဥ်းသွားကားလမ်းတွင် အောက်တိုဘာ ၄ ရက်နေ့လည်ပိုင်းက ခရီးသည်တင်ကား ဘရိတ်ပေါက်၍ တောင်ကမ်းပါးရံအား ဝင်တိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်တိုင်းနေနာရေးကူညီမှုအသင်းတို့မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲကျော်ခန့်က ကျိုင်းတုံမြို့နယ်၊ကျိုင်းတုံ-တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း၏ မိုင်တိုင်အမှတ် ၃၆၅ နှင့် ၃၆၆ ကြားတွင် ယာဥ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ကျိုင်းတုံခရိုင်၊မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားမောင်း ဦးဌေး(အသက်-စီစစ်ဆဲ)သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသူများအနက် ၇ ဦးတွင် ထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ဝင်တိုက်သွားတာ သေသွားတဲ့ ကားမောင်းတဲ့လူကိုအတော်ကြာအောင် ထုတ်ခဲ့ရတယ် ဖုန်းသတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့တာပါ ကားက တော့ အတော်ကြီးအခြေအနေဆိုးတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအား လူမှုကူညီရေးအ သင်းကားများဖြင့် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး ကားမောင်းသူ၏ ရုပ်အလောင်းအား ကျိုင်းတုံဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်  ကြောင်း သိရသည်။ အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား ၇၀၀၀ ကျော် ဝင်ရောက်ဖြေဆို မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ရက်မှစတင်၍ Placement Test အထူးအစီအစဉ်ကို ဆောင်ရွက် လျက်ရှိနေသည်။

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး  ဖြေဆိုခဲ့ကြသည်။ Placement test သည်...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ရေးနှင့် UNDP Myanmar က ပေးအပ်မည့် Grant များ လျှောက်ထားခြင်းဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲ သုံးခု ကို ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ဇူလိုင်လအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြိုအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအစီအစဉ်များအနေဖြင့် Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ပေးခြင်း၊ လျှောက်ထားရန် လိုအပ်ချက်များနှင့် လျှောက်ထားပုံ အဆင့်ဆင့်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071