မော်ဒယ် နန်းမွေ့စံကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ် (၆) နှစ်ချမှတ်

0
823

မော်ဒယ် နန်းမွေ့စံကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)ဖြင့်  ထောင်ဒဏ် (၆) နှစ်ချမှတ်

ညစ်ညမ်းဓာတ်ပုံနှင့် ရုပ်သံများကို အခကြေးငွေ ရယူကာ လူမှုကွန်ရက်တွင် ဖြန့်ဝေသည့်အတွက် တရားစွဲဆိုခံထားရသည့် မော်ဒယ် နန်းမွေ့စံကို မြောက်ဒဂုံစစ်ခုံရုံးမှ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

မော်ဒယ်နန်းမွေစံနှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ကို ညစ်ညမ်း ဓာတ်ပုံနှင့် ရုပ်သံများ လူမှုကွန်ရက်တွင် အခကြေးငွေရယူကာ ဖြန့်ဝေသည့်အတွက် သြဂုတ်လဆန်းပိုင်းက သက်ဆိုင်ရာမှ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က)ဖြင့်အမှုဖွင့်အရေးယူခဲ့ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမှုဖွင့် တရားစွဲဆိုထားရာမှ မော်ဒယ်နန်းမွေစံအား စက်တင်ဘာလ (၂၇) ရက် နေ့တွင် မြောက်ဒဂုံ စစ် ခုံရုံးက ထောင်ဒဏ် (၆)နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မော်ဒယ်နန်းမွေစံနှင့်အတူ တရားစွဲဆိုခြင်းခံထားရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်မှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ၎င်းတို့အား စွဲဆိုထားသည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here