ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ရာထူးမှနုတ်ထွက်မည်ဟုကြေငြာ

0
172

ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ရာထူးမှနုတ်ထွက်မည်ဟုကြေငြာ

အစ္စလာမာဘတ်၊စက်တင်ဘာ ၂၆

ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာ မစ်ဖ်တာအီစမိုင် သည် ရာထူးမှနုတ်ထွက်ရန်အစီအစဉ်ရှိကြောင်း စက်တင်ဘာ ၂၅ ရက် တနင်္ဂနွေနေ့ကပြောကြားခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် တိုင်းပြည်၏စီးပွားရေးအကျပ်အတည်းပိုမိုဆိုးရွားလာ ချိန်တွင် အပြောင်းအလဲတစ်ခုဖြစ်လာမည်ဖြစ်သည်။

“ကျွန်တော်ဘဏ္ဍာရေးဝန်ကြီးအဖြစ်ကနေနှုတ်ထွက် ဖို့ နှုတ်နဲ့ တင်ပြလိုက်ပါပြီ” ဟု မစ္စတာ အီစမိုင် ကတွစ်တာတွင်ပြောကြားခဲ့ပြီး အစည်းအဝေးတစ်ခုအတွင်း၌လည်း နိုင်ငံ၏ဝန်ကြီးချုပ် Shehbaz Sharif အား ၎င်းနှုတ်ထွက်မည်ဖြစ်ကြောင်းကို အသိပေးထားပြီးဖြစ်သည်ဟုဆိုခဲ့သည်။ “ပါကစ္စတန်ကိုရောက်ရင်တရားဝင်နှုတ်ထွက်စာတင်မှာပါ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

အစ်စမိုင် နှင့်ရှာရစ်ဖ်တို့သည် လက်ရှိတွင်လန်ဒန်၌ရောက်ရှိနေကြပြီး လာမည့်အပတ်အစောပိုင်းတွင်ပါကစ္စတန်သို့ပြန်လာမည်ဖြစ်သည်။ပါကစ္စတန်၏စီးပွားရေးသည် အမြဲတစေမငြိမ်မသက်ဖြစ်နေသောကြောင့် ဘတ်ဂျက်လိုငွေပြမှုမှာသိသိသာသာကြီးမားပြလာပြီး ငွေကြေးဖောင်းပွမှုသည် မက်ခရို ရော မိုက်ခရိုစီးပွားရေးလုပ်ငန်းနှစ်ခုလုံးကို ဖိအားဖြစ်စေခဲ့သည့်အချိန်၌ အစ်စမိုင်သည် လေးနှစ်အတွင်းအစားထိုးရမည့် ပဥ္စမမြောက်ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သည်။

နဂိုကပင်ဆိုးရွားနေသော အကျပ်အတည်းသည် ရေလွှမ်းမိုးမှုကြောင့်ပိုဆိုးလာခဲ့သည်။အဆိုပါသဘာဝဘေးကြောင့် လူပေါင်း ၁,၅၀၀ ကျော်သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိခဲ့သည်။

အီစမိုင်သည် တောင်အာရှနိုင်ငံပါကစ္စတန်အနေဖြင့် မြီရှင်များမှသက်သာခွင့်ရရန် နှစ်နိုင်ငံကြားဆွေးနွေးနေသည်ဟု ရင်းနှီးမြှုပ်နှံသူများအား သောကြာနေ့ကအာမခံခဲ့ပြီး ကုန်သွယ်ရေးဘဏ်များ သို့မဟုတ် Eurobond မြီရှင်များထံမှ သက်သာခွင့်ကိုတော့တောင်းခံမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

Source –Reuters/ic


LEAVE A REPLY

Please enter your comment!
Please enter your name here