မြောက်ကိုရီးယား၊တရုတ်နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားပြန်လည် ပြေးဆွဲ

0
36

မြောက်ကိုရီးယား၊တရုတ်နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားပြန်လည် ပြေးဆွဲ

ဆိုးလ်၊စက်တင်ဘာ ၂၆

မြောက်ကိုရီးယားနှင့်တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ကုန်တင်ရထားပြေးဆွဲမှုကို ငါးလကြာရပ်ဆိုင်းထားပြီးနောက် ပြန်လည်စတင်ခဲ့ကြောင်းတောင်ကိုရီးယား Yonhap သတင်းဌာနက စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ကဖော်ပြခဲ့သည်။တရုတ်နိုင်ငံ Dandong မှကုန်တင်ရထားတစ်စင်းသည် မြောက်ကိုရီးယားနိုင်ငံ Sinuiju မြို့သို့ အဆိုပါတံတားပေါ်မှဖြတ်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်မြို့ Dandong တွင် ကိုဗစ်ကူးစက်မှုကြောင့် ညှိနှိုင်းမှုများပြုလုပ်ကာ ဧပြီလ ၂၉ ရက်ကတည်းက ရထားဖြတ်ကျော်မှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ယင်းနောက်မကြာမီပင် မြောက်ကိုရီးယားက ၎င်း၏ပထမဆုံးကိုဗစ်ဖြစ်ပွားမှုအကြောင်းကိုလည်းတင်ပြခဲ့ပြီး ယခုတော့မြောက်ကိုရီးယားတွင် ကိုဗစ်ကင်းစင်ပြီဖြစ်ကြောင်းပြောထားသည်။

မြောက်ကိုရီးယား၌ ၂၀၂၀ ပြည့်နှစ်အစောပိုင်းက ကိုဗစ်ကြောင့်ထိန်းချုပ်ထားသည့်ကန့်သတ်မှုများကို ပြန်လည် ဖြေလျှော့ပြီးနောက်လေးလ မပ်ြည့မီ ဧပြီလကပိတ်ဆို့လာခဲ့ ခြင်း ဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကလည်း မြောက်ကိုရီးယား၏ဆိုးရွားလာသော စီးပွားရေးမပြေလည်မှုများနှင့် လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာထောက်ပံ့မှုအန္တရာယ်များကြောင့် နယ်စပ်အစီအမံများကိုအပြစ်တင်ခဲ့ကြသည်။

ပြီးခဲ့သည့်လက ခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် နိုင်ငံ၌ကိုဗစ်ကိုအနိုင်တိုက်အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး မေလကချမှတ်ထားသည့် ကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများကို ရုတ်သိမ်းရန်ညွှန်ကြားခဲ့သော်လည်း နိုင်ငံတွင်း၌ “သံမဏိကဲ့သို့ပြင်းထန်သော ကူးစက်ရောဂါတိုက်ဖျက်ရေးအတားအဆီး”များအား ဆက်လက်ထိန်းသိမ်းထားရမည်တော့ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်စစ်ဆေးရန်နည်းလမ်းများ မရှိသေးသောကြောင့် ကိုဗစ်ကူးစက်ခံရသူမည်မျှရှိသည်ကို ထုတ်မပြောခဲ့ဖူးသော်ငြားလည်း ကျွမ်းကျင်သူများကမူ၎င်း၏ ကိန်းဂဏန်းများအပေါ်သံသယရှိနေကြသည်။

Source –Reuters/lk


LEAVE A REPLY

Please enter your comment!
Please enter your name here