မောင်တောမြို့မှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ ‌ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ထောက်ပံ့

0
47

မောင်တောမြို့မှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ ‌ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ထောက်ပံ့

ရခိုင်ပြည်နယ် မောင်တော၏ မြောက်ဘက်ပိုင်းဒေသများတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ လူပေါင်း ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး အများစုမှာ မိမိတို့၏ ပိုင်ဆိုင်မှုများကို ထားခဲ့ကြရသည်။

ထို့ကြောင့် မောင်တောမြို့တခွင်ရှိ ယာယီခိုလှုံရာနေရာများတွင် လာရောက်နေထိုင်နေကြပြီး ထိုသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို အလျှင်အမြန်လိုအပ်နေသည့်အတွက် ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်မကလေးနဲ့အတူ ဒီကိုရောက်လာတာပါ၊ စားစရာတွေဘာမှယူမလာနိုင်ဘူး။ ဒီပစ္စည်းတွေက ကျွန်မတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါ၊ အထူးသဖြင့် ဆန်ပေါ့။” ဟု ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် လက်ရှိ လာရောက်ခိုလှုံနေသည့် မိခင်တစ်ဦးကပြောသည်။

လတ်တလောတွင် ထိုမိသားစုများအား ထောက်ပံ့ကူညီရန်အတွက် ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က စားနပ်ရိက္ခာများ၊ မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ၊ တာပေါ်လင်များ၊ ရေစစ်အိုးများ၊ ဓာတ်ဆားထုပ်များနှင့် နှာခေါင်းစည်းများကို ပံ့ပိုးပေးခဲ့သည်။

“အခုလို အရေးပေါ်အထောက်အပံ့နှင့်အတူ အသိပညာပေးပွဲကိုပါ တွဲဖက်ထားတဲ့ တုံ့ပြန်ကူညီမှုမျိုးက သူတို့ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ မိသားစုတွေကို မသန့်ရှင်းတဲ့ရေနဲ့ ရေကတဆင့်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ရှောင်နိုင်ဖို့အတွက် ရေစစ်အိုးတွေ မှန်မှန်ကန်ကန်အသုံးပြုနိုင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။” အိုင်စီအာရ်စီမောင်တောမှ အင်ဂျင်နီယာ ကိုဇော်မြင့်က ရှင်းပြသည်။

ICRC ၏ ကျန်းမာရေးအဖွဲ့သည်သွေးလွန်တုပ်ကွေးနှင့် အဖြစ်များသောဖျားနာမှုများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည့်အပြင် အိုင်စီအာရ်စီ၏ အရေးပေါ်လူနာလွှဲပြောင်းခြင်းအထောက်အပံ့များကိုလည်း အသိပေးပြောကြားခဲ့သည်ဟု သိရသည်။

Photo ICRC


LEAVE A REPLY

Please enter your comment!
Please enter your name here