Wednesday, May 28, 2025

နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့်...

အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု မြှင့်တင်ရေး ညီလာခံသို့ ကူမင်းမြို့ရှိ...

အိမ်မဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်၍ နေအိမ်(၄)လုံးပြိုကျပျ-က်စီး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ယနေ့ မေ ၂၈ ရက်နေ့လည် ၁ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး...

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ထရမ့်...

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်ပြီးတိုးမြှင့်ချမှတ်ဦးမလားဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး...

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူနိုင်ရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထားကြောင်း...
HomeNewsLocal Newsပခုက္ကူမြို့မဈေးရှိ ရတနာရွှေဆိုင် တစ်ဆိုင်မှ...

ပခုက္ကူမြို့မဈေးရှိ ရတနာရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့် သေနတ်ပြခြိမ်းခြောက် လုယက်ခံရ

ပခုက္ကူမြို့မဈေးရှိ ရတနာရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့် သေနတ်ပြခြိမ်းခြောက် လုယက်ခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ရတနာရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အားအမည်မသိ လက်နက်ကိုင် ၄ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်သွားကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပခုက္ကူမြို့၊ (၁)ရပ်ကွက် မြို့မဈေး နောက်ဘက် တန်ဆောင်းတန်းလမ်းရှိ “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ” ရတနာ ရွှေဆိုင်၌ ဒေါ်ရင်မေ၏တူဖြစ်သူ ဦးအောင်နိုင်ဦး (၄၇)နှစ် (ဘ)ဦးစံတင်ပါ ဝန်ထမ်း ၆ ဦးမှ ရွှေထည် ပစ္စည်းများ ရောင်းချနေစဉ် ဆိုင်အရှေ့သို့ MASK ကိုယ်စီတပ်ဆင်ထားသည့် အမည်မသိ လက်နက်ကိုင် ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ကိုင်ဆောင်ထားသည့် ၃ ဦးက ဦးအောင်နိုင်ဦးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဆိုင်အတွင်းထိုင်ခိုင်းထားပြီး ကျန်တစ်ဦးမှာ ဆိုင်အတွင်းရောင်းချရန် ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေသိမ်း ကောင်တာအတွင်း သိမ်းဆည်းထားရှိသည့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ကာ အမှတ်(၉)ရပ်ကွက် ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် ဆေးဘက်ဆိုင်ရာစက်မှု ထုတ်ကုန်များကုန်စည် ပြပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု မြှင့်တင်ရေး ညီလာခံသို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တတ်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ပွဲကို မေလ (၂၆) ရက်နှင့် (၂၇) ရက်တို့တွင် တလီမြို့၊ မီသုကျန်းမာရေး စက်မှုဥယျာဉ်၌ တလီအပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲ ကျင်းပရေးကော်မတီမှ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ကောင်စစ်ဝန်ချုပ်သည် အဆိုပါ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ကုန်စည်ပြပွဲ၌ ဖွင့်လှစ်ပြသထားသည့် ဆေးဘက်စက်မှုထုတ်ကုန်ပစ္စည်းများကို...

အိမ်မဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်၍ နေအိမ်(၄)လုံးပြိုကျပျ-က်စီး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ယနေ့ မေ ၂၈ ရက်နေ့လည် ၁ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျပျ-က်စီးကာ နေအိမ်(၃)လုံးအမိုးလန်ခဲ့သဖြင့် အိမ်မဲမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီရွှေ့ပြောင်းပေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ထရမ့် မဆုံးဖြတ်ရသေး

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်ပြီးတိုးမြှင့်ချမှတ်ဦးမလားဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ ပြောကြားချက်အရ အမေရိကန်ဖက်က ထပ်တိုးစီးပွားရေးပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်လိုက်ရင်၊ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရုရှားကတွန့်ဆုတ်နေနိုင်တယ်လို့ ထရမ့်က ထင်မြင်နေတယ်လို့ ဆိုပါတယ်။ ဒီအရင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Wall Street Journal က ဖော်ပြခဲ့ရာမှာတော့ အမေရိကန်သမ္မတဟာ ဒီသီတင်းပတ်အတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်ဖို့ စဉ်းစားနေပြီး ငြိမ်းချမ်းရေးအတွက် နောက်ဆုံးတွန်းအားပေးမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071