အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်သည့်မူများ

0
44

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်သည့်မူများ

နေပြည်တော်၊စက်တင်ဘာ ၂၃

MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ပထမဆုံး(၁/၂၀၂၂)အစည်းအဝေးတွင်  “မူဝါဒပိုင်း ကိုနိုင်ငံ​တော်ဖက်က မူဝါဒချမှတ်ပံ့ပိုး​ပေးမည်ဖြစ်ပြီး UMFCCI နဲ့ညီနောင် အသင်းများက လက်တွေ့ကျကျပေါင်းစပ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု MSMEဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က

​ပြောကြားခဲ့သည်။

ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ဒေသအလိုက်ကုန်ထုတ်လုပ်မှုတိုးတက်စေရေး ကိုဆောင်ရွက်သွားဖို့ လိုအပ်​ကြောင်း၊တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ် ကောင်းမွန်ရန်အရေးကြီး၍ အစိုးရမှအများပြည်သူပို့ဆောင်ရေးစနစ်အား ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

“ရထားနဲ့သယ်ယူပို့ဆောင်ခြင်းဟာ စီးပွားရေးအရ တွက်ချေကိုက်တဲ့အတွက် နိုင်ငံတကာမှာ ရထားပို့ဆောင်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ တိုင်းနဲ့ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ ဆက်သွယ်ရေးစနစ်ကောင်းမွန်ဖို့က အရေးကြီးပါတယ် “ဟု နစက ဥက္ကဋ္ဌကပြောသည်။

MSME လုပ်ငန်းများရှိသည့် နယ်မြေဒေ သအလိုက် လျပ်စစ်ဓာတ်အားလုံလောက်စွာရရှိရန်နှင့်အသေးစားဓာတ်အားထုတ်လုပ်သည့်စနစ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် မဟာဓာတ် အားလိုင်းမှ လျပ်စစ်ဓာတ်အားရယူသုံးစွဲခြင်းမပြုဘဲ ဒေသအလိုက် တစ်ပိုင်တစ်နိုင်ဓာတ်အား ထုတ်လုပ်သုံးစွဲရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှ ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။

“အလုပ်သမားဝန်ကြီးဌာနက လက်ရှိဖွင့်လှစ်ထားတဲ့ သက်မွေးပညာသင်တန်းတွေဟာထိထိရောက်ရောက်ဖြစ်စေဖို့  လိုအပ်သလို အဲဒီသင်တန်းတွေက မွေးထုတ်ပေးလိုက်တဲ့ အလုပ်သမားတွေကိုလည်း လက်တွေ့လုပ်ငန်းခွင်မှာ အကျိုးရှိရှိအသုံး ပြုနိုင်ဖို့ လိုအပ်ပါတယ်။ လူသားအရင်းအမြစ်တွေ ရရှိရေးကို ဦးတည်ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက​ထောက်ပြခဲ့သည်။

သစ်အချောထည်ထုတ်ကုန်များအား အဆင့်မီထုတ်လုပ်ရန်နှင့် တွင်းထွက်သယံဇာတများကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်သွားစေလိုသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံစီးပွားရေးအား အထောက်အကူဖြစ်ရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအား တိုးမြှင့်ဆောင်ရွက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်မြေ ပေါ်မြေအောက် သယံဇာတများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကာ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန်နှင့်နိုင်ငံခြားငွေရရှိရန်အတွက် ကြိုးစားဆောင် ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် ပြည်တွင်းသုံး MSME ထုတ်ကုန်များ၏ စံ ချိန်စံညွန်းနှင့်ပတ်သက်၍ တစ်ပြေးညီဖြစ်ရန် လို အပ်ကာ ပြည်ပပို့ကုန်များအတွက် ထုတ်ကုန်အရည်အသွေးကိုလည်း နိုင်ငံတကာအရည်အသွေးမီဖြစ်စေရေးအတွက် စံချိန်စံညွှန်းသတ်မှတ်ရန်လိုအပ်သည်ဟု ပြောသည်။

ဒေသတိုင်းတွင် MSME လုပ်ငန်းများမှ ထုတ်လုပ်မှုများရှိနေရမည်ဖြစ်ပြီး ယင်းလုပ်ငန်း များဖြင့် ပြည်တွင်းစီးပွားရေးအားကောင်းရန်ဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ငန်းများဆောင်ရွက်ရာ၌ ဥပဒေဖြင့်အကာအကွယ်ပေးထားနိုင်ရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here