ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

0
238

ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာအနီးရှိ ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် စက်တင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် မိုးကုတ်ဘက်မှပြင်ဦးလွင်ဘက်သို့ ကိုထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းကာ ကိုလှမြင့် လိုက်လာသည့် Canter ၆ ဘီး ကားအား သတင်းအရ တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ(၄၄ ကီလို) အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့နောက် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးရာ ဘိန်းဖြူများသယ်ဆောင်ရာ တွင်ပူးပေါင်းပါဝင်သည့် မခင်အေးဝိုင်း(ခ)ခင်ဝိုင်းအား မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်(မြောက်ပိုင်း) မှမန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်သည်ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here