အောက်တိုဘာ ၁ ရက် အောင်ဘာလေထီဖွင့်ပွဲမှစပြီး ဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆု ချီးမြှင့်မည်

0
258

အောက်တိုဘာ ၁ ရက် အောင်ဘာလေထီဖွင့်ပွဲမှစပြီး ဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆု ချီးမြှင့်မည်

လာမည့်အောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်မည့် (၄၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဝေဝေဆာဆာ ပဒေသာဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆုမဲများကို စတင်၍ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ ထံမှ သိရသည်။

“လာမယ့် ၁ ရက် ၁၀ လ ၂၀၂၂ မှာ ကျင်းပပြုလုပ်မယ့် ၄၃ ကြိမ်မြောက် အောင်ဘာလေ သိန်း‌ဆုဖွင့်ပွဲမှာ ထီချစ်သူ မိဘပြည်သူများအနေနဲ့ ထီကံစမ်းတဲ့အခါမှာ ဆုကြီးတွေနဲ့ လွဲခဲ့ရင်တောင်မှ အနည်းဆုံး ထီလက်မှတ် ၁၁ စောင်ပါ၀င်တဲ့ ထီစာအုပ်တစ်အုပ်နဲ့ ညီမျှတဲ့ ကျပ်တစ်သောင်းဆုကိုပြန်လည် ချီးမြှင့်ပေးတာဖြစ်ပါတယ်။ အခြေခံလူတန်းစားအတွက် ထီဆုငွေ တစ်သောင်းဟာ စား၀တ်နေရေးအတွက်ပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ ပမာဏ အထိတော့ ရရှိမှာဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူးဦးညီညီလှိုင် က ပြောသည်။

ထီထိုးသူများအနေဖြင့်ငါးစောင်တွဲ ထီထိုးမည်ဆိုလျင် အက္ခရာ နှင့် ရှေ့ဂဏန်း တစ်လုံးတူပါက ကျပ်ငါးသောင်း ရရှိမည်ဖြစ်ပြီး ၁၀ စောင်တွဲ ထီထိုးမည်ဆိုလျင် ကျပ်တစ်သိန်းအထိ ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အောင်ဘာလေထီဆု၏ အထူးဆုကြီးအနေဖြင့် ကျပ်သိန်း ၅၀၀၀ ၊

ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀ ၊

ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀

ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေဖြင့်

သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်း ဆုများကို ချီးမြှင့်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက် အောင်ဘာလေထီဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းချရငွေမှာ ကျပ်သန်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here