နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှကျန်ရှိသည့် ငွေများအား MSME လုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးရန် အဆင်သင့်ရှိ

0
101

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှကျန်ရှိသည့် ငွေများအား MSME လုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးရန် အဆင်သင့်ရှိ

“MSME လုပ်ငန်းတွေကို မိမိတို့နိုင်ငံမှာ အခြေခံကျကျဆောင်ရွက်လို့ရတာကို တွေ့ရှိရပါတယ်။အရင်းအနှီးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ငွေကြေးတွေကို အစိုးရအနေဖြင့် ချေးပေးလို့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၃ ရက်​နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မ တီ၏ပထမဆုံး အစည်းအဝေး (၁/၂၀၂၂) ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရမှ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများအား မတည်ထူထောင်ပေးခဲ့ပြီးဖြစ်သည်။ 

“အဲဒီလိုထူထောင်ပေးပြီးလို့ ကျန်ရှိတဲ့ ငွေတွေထဲက MSME လုပ်ငန်းတွေနဲ့ မွေးမြူရေးကဏ္ဍမြှင့်တင်ဖို့အတွက် ဆောင်ရွက်ပေးဖို့ ရည်မှန်းထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် MSME လုပ်ငန်းများအား မှန်မှန်ကန်ကန်ဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင် ရွက်မည်ဆိုပါက စည်းမျဉ်းစည်းကမ်းများရေး ဆွဲ၍ ငွေကြေးများချေးပေးရန် အဆင့်သင့်ရှိသည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here