မြန်မာနိုင်ငံ၏ GDP အနှုတ်ဘက် ရောက်နေရာမှ (၂) ရာခိုင်နှုန်းအထိ တိုး တက်လာ​ကြောင်း ADB ထုတ်ပြန်

0
183

မြန်မာနိုင်ငံ၏ GDP အနှုတ်ဘက် ရောက်နေရာမှ (၂) ရာခိုင်နှုန်းအထိ တိုး တက်လာ​ကြောင်း ADB ထုတ်ပြန်

၂၀၂၁ တစ်နှစ်အတွင်း ပြည်တွ င်း GDP အနှုတ်လက္ခဏာပြခဲ့သော်လည်း ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း (၆) လတာကာလတွင် (၂) ရာခိုင်နှုန်းပြန်လည် တိုးတက်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အ စီရင်ခံစာအရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲများကြော င့် စီးပွားရေး လုပ်ငန်းများ ရပ်တန့်လုနီးပါးအ‌ခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး တိုင်းပြည်၏ ပြည်တွင်းထုတ်လုပ်မှု အသားတင်တန်ဖိုးမှာလည်း အနှုတ်ဘက်သို့ ရောက်ရှိကာ (- ၅.၉) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ADB ၏ အစီရင်ခံစာက ဆိုသည်။

အဆိုပါ GDP  တိုးတက်လာမှုသည် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး ဦးစားပေးအစီအစဉ်အနေဖြင့် လုပ်ဆောင်နေသည့် နစက လက်ထက်တွင် မြန်မာ့စီးပွားရေး လုပ်ငန်းများ အတန်အသင့် ပြန်လည် လှုပ်ရှားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ကမ္ဘာ့ဘဏ်၏  သုံးသပ်ချက်အရ အကြပ်အတည်းများအကြား ရောက်ရှိနေသည့် မြန်မာ့စီးပွားရေးအခြေအနေသည် ယခုထက် တိုးတက်လာနိုင်ကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။

လက်ရှိတွင် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများ အပါ အဝင် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ် ငန်းများ၏ ပို့ကုန်ဝင်ငွေရရှိမှုမှာလည်း တဖြေးဖြေး တိုးလာနေပြီး ဘဏ္ဍာနှစ်ကုန်အထိ လက်ကျန်ကာလအတွင်း (၅) ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ချေ‌ရှိကြောင်းလည်း ADB က သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ၏ ကျဆင်းမှုသည် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး သုံးငွေပမာဏနှင့် GDP အချိုးသည် ၂၃.၇၄ ရာခိုင်နှုန်း၊ ရငွေပမာဏနှင့် GDP အချိုးမှာ ၁၆.၁၈ ရာခိုင်နှုန်း ၊ လိုငွေပမာဏနှင့် GDP အချိုးမှာ ၇.၅၆ ရာခိုင်နှုန်းအထိ ကွာဟမှု မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၂ ဘဏ္ဍာနှစ် ပထမ (၉) လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုက ကန်ဒေါ်လာ ၆၆၉ သန်းရရှိထားသော်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၈၂.၂ ရာခိုင်နှုန်း ကျဆင်းနေကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ သိရသည်။

ထို့အပြင် ငွေကြေးဖောင်းပွမှုမှာလည်း ယခင်နှစ်များကထက် ၁၇.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာကဆိုသည်။

ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်ပို့ဆောင်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေပြီး ယခုနှစ် ဧပြီလ (၁) ရက်မှ စက်တင်ဘာလ  (၉) ရက်အထိ စုစုပေါင်း ပို့ကုန်ရငွေ တန်ဖိုး ကန်ဒေါ်လာ ၇၆၀၀.၄၂၅ သန်း ရရှိထားပြီး သွင်းကုန်ရငွေတန်ဖိုး ကန်ဒေါ်လာ ၇၄၆၁.၅၄၅ သန်း၊ ကုန် သွယ်မှုပိုငွေ ကန်ဒေါ်လာ ၁၃၈.၈၈ သန်း ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ စာရင်းများအရ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဩဂု တ်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၅ ခုမှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် ဝင်ရောက်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here