ယူကရိန်းပဋိပက္ခလမ်းကြောင်း အလွန်စိုးရိမ်ဖွယ်ဖြစ်ဟု အိန္ဒိယပြောကြား

0
67

ယူကရိန်းပဋိပက္ခလမ်းကြောင်း အလွန်စိုးရိမ်ဖွယ်ဖြစ်ဟု အိန္ဒိယပြောကြား

နူးဒေလီ၊စက်တင်ဘာ ၂၃

ယူကရိန်းပဋိပက္ခ၏ လမ်းကြောင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး အနာဂတ်အမြင်မှာ ပို၍ပင် စိုးရိမ်ဖွယ်ဖြစ်သဖြင့်နူးဒေလီက  ငြိမ်းချမ်းရေးတောင်းဆိုမှုကိုမြှင့်တင် ပါကြောင်း  အိန္ဒိယကစက်တင်ဘာ ၂၂ ရက် ကြာသပတေးနေ့ တွင်ပြောကြားခဲ့သည်။

ကာလရှည်ကြာသည့် ကုန်သွယ်ရေးနှင့် ကာကွယ်ရေးမိတ်ဖက်များအနေဖြင့် အိန္ဒိယနှင့်ရုရှားတို့သည် နှစ်ပေါင်းများစွာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်ဆံခဲ့ကြပြီးယူကရိန်းစစ်ပွဲစတင်ကတည်းက အိန္ဒိယသည် ရုရှားထံမှ ရေနံနှင့်ကျောက်မီးသွေးကို တိုးမြှင့်ဝယ်ယူခဲ့သည်။

အိန္ဒိယသည် ရုရှား၏ရန်လိုမှုကို ပြတ်သားစွာ ရှုံ့ချခြင်းမရှိသော်လည်း ဝန်ကြီးချုပ်နရင်ဒရာမိုဒီက သမ္မတဗလာဒီမာပူတင်အား ပြီးခဲ့သည့် သီတင်းပတ်က “ယနေ့ခေတ်သည် စစ်မက်ဖြစ်ပွားနေရမည့်ခေတ်မဟုတ်တော့” ဟူ၍ ပြင်းထန်သောမှတ်ချက်တစ်ခုကိုပြုခဲ့သည်။

“ယူကရိန်း ပဋိပက္ခလမ်းကြောင်းသည် နိုင်ငံတကာ အသိုက်အဝန်းတစ်ရပ်လုံး အတွက် အလွနါ စိုးရိမ် ဖွယ်ဖြစ်သည်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar က နူးယော့ခ်၌ပြောကြားခဲ့သည်။ “အနာဂတ်အမြင်က ပိုမို ဆိုးရွားပြီး နျူပြဿနာကလည်း အထူးစိုးရိမ်စရာကောင်းလာပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

သမ္မတပူတင်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ပထမဆုံးစစ်အင်အားစု‌ ဆောင်းခြင်းအတွက် အမိန့်ထုတ်ပြန်ခဲ့ပြီး လိုအပ်ပါကနိုင်ငံကိုကာကွယ်ရန် နျူကိုထုတ်သုံးမည်ဟုလည်းခြိမ်းခြောက်ခဲ့သည်။

စားသောက်ကုန်များ၊ လောင်စာဆီနှင့် ဓာတ်မြေသြဇာစရိတ်စကများ တဟုန်ထိုးမြင့်တက်လာပြီး စစ်ပွဲများပြင်းထန်လာသဖြင့် ရန်လိုမှုများကို ချက်ချင်းရပ်တန့်ကာ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေး ပြန်လည်စတင်ရန် တိုက်တွန်းကြောင်းလည်း Jaishankar ကပြောကြားခဲ့သည်။

Source -Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here