Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး...

နယ်စပ်ဖြတ်ကျော်ဆက်သွယ်‌ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းနှင့်လာအို သဘောတူ

         ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးနှင့်ထောက်ပံ့ဖြည့်တင်းရေးတို့တွင် နှစ်နိုင်ငံ ချိဆက်သွယ်မှု အားကောင်းစေရန် ရည်ရွယ်သည့် မဟာစီမံကိန်းသစ်တစ်ခုမှ တဆင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု...

မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသက်တမ်းတိုးရန် မလေးရှား တောင်းဆို

ကွာလာလမ်ပူ၊မေ ၂၅ ငလျင်ဘေးအလွန်ကာလအတွက် သဘောတူညီထားသည့် မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသည် မေလကုန်၌သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ထပ်မံသက်တမ်းတိုးစေလိုကြောင်း မလေးရှားက အာဆီယံထိပ်သီးအစည်းအဝေး၌ တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မလေးနိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ်ဟာဆန်က ယခုလိုတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိသတ်မှတ်ထားသည့်...

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ပေတုံတန် မလေးရှားသို့ ထွက်ခွာ

             ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာသည် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ခေါင်းဆောင်များသည် “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”...
HomeNewsLocal Newsတာချီလိတ်မြို့ရှိ မိုးသည်းထန်စွာရွာသွန်း၍ တာလော့ရပ်ကွက်အတွင်း၌...

တာချီလိတ်မြို့ရှိ မိုးသည်းထန်စွာရွာသွန်း၍ တာလော့ရပ်ကွက်အတွင်း၌ ရေဝင်ရောက်လျက်ရှိ

တာချီလိတ်မြို့ရှိ မိုးသည်းထန်စွာရွာသွန်း၍ တာလော့ရပ်ကွက်အတွင်း၌ ရေဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တာလော့ရပ်ကွက်တွင် စက်တင် ဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်းမှစတင်၍ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းခြင်းနှင့်အတူ မယ်ဆိုင်မြစ်ရေမြင့်တက်လာခဲ့သဖြင့် ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေကအများကြီးဝင်တာတော့မရှိသေးဘူး လူ ကြီးတစ်ယောက်ရဲ့ ခြေသလုံးလောက်အထိတော့ရေတက်တယ် ဒီထက်ပိုတက်လာရင်တော့ နိမ့်တဲ့အိမ်တွေထဲအထိရေဝင်နိုင်တယ်”ဟု တာချီလိတ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အလားတူ မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန် ၌ မြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပေးထုတ်ပြန်ချက်၌ နောက် ၁၂ နာရီအတွင်း မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကာ မြေနိမ့်နေရာများတွင်ရေကြီးနိုင်သည်ဟု အသိပေးထားသည်။

Photo-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး အစည်းအဝေးခန်း/ဆာဗာခန်း/စက်ရုံခန်းတွေမှာ အိပ်တာ ပြန်လုပ်ရတော့မယ်" ဟု ၎င်းက X တွင် ပို့စ်တင်ခဲ့သည်။ "ကျွန်တော် X/xAI နဲ့ Tesla (နောက်အပတ် Starship လွှတ်တင်မှုပါ) အပေါ် အထူးအာရုံစိုက်ရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရေးကြီးတဲ့ နည်းပညာတွေ ထွက်ပေါ်လာတော့မှာမို့ပါ။"ဟုလည်း သူကဆိုထားသည်။ "ဒီအပတ် X ရဲ့ လုပ်ငန်းလည်ပတ်မှု...

နယ်စပ်ဖြတ်ကျော်ဆက်သွယ်‌ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းနှင့်လာအို သဘောတူ

         ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးနှင့်ထောက်ပံ့ဖြည့်တင်းရေးတို့တွင် နှစ်နိုင်ငံ ချိဆက်သွယ်မှု အားကောင်းစေရန် ရည်ရွယ်သည့် မဟာစီမံကိန်းသစ်တစ်ခုမှ တဆင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကိုနက်ရှိုင်းစွာဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။         လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane ၏ မေလ ၂၁ ရက် နေ့မှ ၂၃ ရက် နေ့အထိ ထိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အပြီး သောကြာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။          ကုန်းလမ်းဆက်သွယ်‌ရေးကို ဗဟိုချက်အဖြစ်ထား၍ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များစွာအပေါ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ပြောကြားခဲ့သည်။...

မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသက်တမ်းတိုးရန် မလေးရှား တောင်းဆို

ကွာလာလမ်ပူ၊မေ ၂၅ ငလျင်ဘေးအလွန်ကာလအတွက် သဘောတူညီထားသည့် မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသည် မေလကုန်၌သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ထပ်မံသက်တမ်းတိုးစေလိုကြောင်း မလေးရှားက အာဆီယံထိပ်သီးအစည်းအဝေး၌ တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မလေးနိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ်ဟာဆန်က ယခုလိုတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိသတ်မှတ်ထားသည့် အပ-စ်အခ-တ်ရပ်စဲရေးဒေသများအပြင်ထပ်တိုးရန်လည်းတောင်းဆိုခဲ့သည်ဟုသိရသည်။ "မြန်မာနိုင်ငံကသက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့အပ-စ်အခ-တ်ရပ်စဲရေးကာလနဲ့နေရာကိုထပ်တိုးဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ ဒါမှလည်း နည်းမှန်လမ်းမှန်ကိုရှာနိုင်မှာဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ဒုက္ခတွေချုပ်ငြိမ်းသွားမှာပါ" ဟုလည်း၎င်းကဆိုခဲ့သည်။ မလေးရှားနိုင်ငံသည် လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။ Source : သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071