သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံးတွင် နံနက် ၁၁ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
” ပေါက်တဲ့ အသံအကျယ်ကြီးကြားရတယ်။ စီးတီးမတ်နားမှာ တော့ စစ်ဆေးမှုတွေလုပ်နေတယ်၊ ကားလမ်းတောင်ခဏပိတ်ထားလို့ ဗဟိုလမ်းဘက်က သွားနေရတယ်” ဟု သမိုင်းလမ်းဆုံနားနေ ပြည်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိသည်ဟု ကနဦး သိရပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။
သမိုင်းလမ်းဆုံသည် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများဖြစ်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။