တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေအားအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင်နှင့် ဒု-ဗိုလ်ချုပ်ကြီးမင်းနောင် ဆွေးနွေးပြောကြားခဲ့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်သည် စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန ဒု-ဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak အား နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးမှုအခြေအ နေ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
အလားတူ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင်ကလည်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးဆိုင်ရာ၊မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ ရေးအခြေအနေအပေါ် ဖြေရှင်းနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်နှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်း ဆောင်တို့သည် နှစ်ဖက်သိရှိလိုသည်များကို အ ပြန်အလှန်ဆွေးနွေးခဲ့ကြသည်။