ယနေ့ တစ်ရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၅၀၀ နီးပါရှိ၊ အထူးဂရုစိုက်ရမည် အခြေအနေဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန သတိပေး
ယနေ့ စက်တင်ဘာလ (၂၁) ရက်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၅၀၀ နီးပါးရှိပြီး အထူး ဂရု စိုက်ရမည့် အခြေအနေဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သတိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၂၀) ရက် ည(၈) နာရီမှ (၂၁) ည(၈) နာရီအထိ သံသယ လူနာ (၁၃,၁၉၇) ဦးကို စစ်ဆေးခဲ့ရာ အတည်ပြု လူနာ (၄၆၉)ဦး တွေ့ရှိရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။
ယနေ့ည ကျန်းမာရေး ဝန်ကီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် သံသယ လူနာ (၈,၉၆ ၀,၀၄၅) ဦးကို စစ်ဆေးထားပြီး ကိုဗစ်အတည်ပြု လူနာ (၆၂၀,၀၃၅) ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကှိဗစ်အတည်ပြု လူနာများထဲမှ ယနေ့ စက်တင် ဘာ (၂၁) ရက်တွင် ပြန်လည်ကောင်းမွန်လာသူ (၂၅၇) ဦးရှိပြီး စုစုပေါင်းပြန်လည်ကောင်းမွန်လာသူ(၅၉၆,၁၀၅) ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ယင်းရောဂါဖြင့် သေဆုံးသူ အများစုမှာ ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ဂရုတစိုက် လိုက်နာဆောင်ရွက်ကြရန် ကျန်းမာ ရေး ဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။