ရနောင်းခရိုင်တွင် ပစ်ကပ်ကားပေါ်မှ ကလေးငယ် ၃ ဦးအပါအဝင် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရ

0
132

ရနောင်းခရိုင်တွင် ပစ်ကပ်ကားပေါ်မှ ကလေးငယ် ၃ ဦးအပါအဝင် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရ

ထိုက်းနိုငိငံ၊ရနောင်းခရိုင်၊စု(က်)စမ်ရမ်မြို့၊နာခါကျေးရွာတွင် စက်တင်ဘာ ၂၀ ရက်ညပိုင်းက မောင်းနှင်လာသည့် ပစ်ကပ်ကားပေါ်မှ ကလေးငယ် ၃ ဦးအပါအဝင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ရနောင်းခရိုင်အတွင်းသို့ တရားမဝင်ဝင်ရောက် လာမည့်သူများရှိနေကြောင်း သတင်းအရ ရနောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက နာခါကျေးရွာတွင် ဖြတ်သန်းမောင်းနှင်နေသည့် ကားများအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ တားဆီးစစ်ဆေးနေစဥ် ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ပစ်ကပ်ကားအား တားဆီးစစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား အမျိုးသား ၁၃ ဦး၊အမျိုးသမီး ၇ ဦး၊ကလေးငယ် ၃ ဦး(စုစုပေါင်း ၂၃ ဦး)နှင့် ထိုင်းနိုင်ငံသား ကားမောင်းသူတို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၂၀၀၀ အား အလုပ်လုပ်ကိုင်ရမည့်နေ ရာသို့ ရောက်ရှိချိန်၌ပေးချေရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းကျန်းမာ ရေးအဖွဲ့များက ကိုဗစ်(၁၉)ရောဂါ ရှိ၊မရှိ စစ်ဆေး ၍ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စု(က်)စမ်ရမ်မြို့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here