Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...
HomeNewsLocal Newsမြန်မာ - အိန္ဒိယ...

မြန်မာ – အိန္ဒိယ နယ်စပ် တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို အိန္ဒိယအစိုးရ အကူအညီဖြင့် တည်ဆောက်မည်

မြန်မာ – အိန္ဒိယ နယ်စပ် တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို အိန္ဒိယအစိုးရ အကူအညီဖြင့် တည်ဆောက်မည်

မြန်မာ – အိန္ဒိယ နယ်စပ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အဆင့်မီ ဘက်ပေါင်းဆုံ စစ်ဆေးရေးဂိတ်ကို အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် တည် ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရသိရှိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ် တည်ဆောက်ခြင်းဆိုင်ရာ စီမံ ကိန်း သဘောတူညီချက်အား ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၆) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ် တည်ဆောက်ရခြင်းမှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်စည်စီးဆင်းမှုနှင့် နှစ်နိုင်ငံငံပြည်သူများ ကူးလူးသွားလားရေးအတွင် အဆင် ပြေချောမွေ့စေရန် ရည်ရွယ်၍ နှစ်နိုင်ငံ အစိုးရများအ ကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
တမူး – မိုရေး မြို့များသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းရာတွင် အဓိကကျသည့် နယ်စပ်မြို့များဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာလတွင် ယာယီပိတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများ၊ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ အစိုးရများအ ကြား ဆွေးနွေးမှုများလည်း လုပ်ဆောင်နေခြင်းဖြစ် သ ည်။
လက်ရှိတွင် အိန္ဒိယဘက်အခြမ်းရှိ မိုရေးမြို့တွင် အလားတူ ဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ထားပြီးဖြစ်ကာ တမူးမြို့၌ အဆိုပါ စစ်ဆေးရေးဂိတ် တည်ဆောက်ပြီးစီးပါက နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုအထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသ ည်။
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ နယ်စပ်ဂိတ်များမှတဆင့် ဆန်၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ၊ အခြား စားသောက်ကုန်ပစ္စည်းများ တင်ပို့နေပြီး နှစ်စဉ် ကုန်သွယ်မှုရငွေ ကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရရှိနေခြင်း ဖြစ်သည်။
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် တမူး – မိုရေး နယ်စပ်ဂိတ်၊ ရိဒ်ကုန်သွယ်ရေး စခန်း၊ ထန်တလန် ကုန်သွယ်ရေးစခန်း စသဖြင့် အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်း (၃) ကြောင်းရှိပြီး လက်ရှိတွင် အဆိုပါ ဂိတ်များကို ယာယီပိတ်ထားသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။
တမူးနယ်စပ် ကုန်သွယ်ရေးမှ မြန်မာ – အိန္ဒိယ ကုန်သွယ်မှုပမာဏသည် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉ ၀ ကျော်ရှိပြီး၊ ပြီးခဲ့သည့် ကိုဗစ်ကာလတွင် ဒေါ်လာသန်း ၄၀ ခန့် ၊၂၀၂၁ – ၂၀၂၂ ခုနှစ် မီနီဘတ် ဂျက်တွင် ကုန်သွယ်ပမာဏ အမေရိကန် ဒေါ်လာ ၆.၁၉၈ သန်းနှင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မေလအထိ ကုန်သွယ်မှု ပမာ ဏ ၃.၆၉၇ သန်း ရ ရှိထားကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ငရုတ် ကောင်း၊ မျောက်ငိုသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ လယ်ယာထွ က်ကုန်များ တင်ပို့ကာ၊ မြန်မာသို့ မော် တော်ဆိုင်ကယ်အပိုပစ္စည်း၊ ချည်ခင်၊ ဂျုံ၊ ဓါတ်မြေသြဇာ၊ ပလပ်စတစ် ကုန်ကြမ်းများ ပြန်လည်တင်သွင်းကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့် ဖုန်းခေါ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မတ်စ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရသေးပါဘူး။ သူကတော့ ကျွန်တော်နဲ့ စကားပြောချင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ “သူ ဖုန်းခေါ်ထားပြီးပြီလားမသိဘူး။ သူဖုန်းခေါ်ထားပြီးပြီလားဆိုတာကို သူ့ကိုပဲ မေးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့လဲ ထရမ့်မ်က ထပ်ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ဖုန်းခေါ်ဆိုမှုကို...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071