Looking for something?

Explore the website

Looking for something?

Wednesday, May 21, 2025

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တို-က်ခို-က်ဖို့...

အစ္စရေးတပ်မတော်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေကို တို-က်ခို-က်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကို...

မန္တလေးတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊...

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု...

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့...
HomeNewsLocal Newsဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲ...

ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲ ချက်တင်ခံရကာ ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့် အခြေအနေမှပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသူ၂ ဦးအား ယနေ့ပြန်လည်စေလွှတ်ပေးခဲ့

ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲ ချက်တင်ခံရကာ ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့် အခြေအနေမှပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသူ၂ ဦးအား ယနေ့ပြန်လည်စေလွှတ်ပေးခဲ့

ထိုင်းနိုင်ငံ၊စမုပရာကန်အကျဉ်းထောင်အတွင်း၌ ဒေါ်လာအတုကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့် အခြေအနေမှပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသူ ၂ ဦးအား စက်တင်ဘာ ၂၁ ရက်(ယနေ့)နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးနိုင်ခဲ့သည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မလင်းလင်းဝေနှင့်မခင်ယုမေတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ် သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက လမ်းခ ရီးစရိတ်များထောက်ပံ့ပေးပြီးနောက် မဲဆောက်- မြဝတီ ပြန်လည်ပေါင်းစည်းရေးဂိတ်မှတဆင့် မြန် မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ် သည်။


၎င်းတို့ ၂ ဦးသည် ဒေါ်လာအတုကိုယ်တိုင်ထုတ် လုပ်သူအဖြစ် စွဲချက်တင်ခံရသဖြင့် ထိုင်းရှေ့နေ၊မြန်မာရှေ့နေတို့က ပြန်လည်လွတ်မြောက်ရန် ချေပနိုင်ခဲ့ကြသဖြင့် လွတ်မြောက်လာခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံးက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မလင်းလင်းဝေနှင့်မခင်ယုမေတို့အပြင် မသန်းယုမေ၊မဖြိုးဇာဝေ တို့ ၄ ဦးအား ပြည်ပအလုပ်အ ကိုင်ရှာဖွေရေးအေဂျင်စီအတုဖြစ်သည့် ဝေယံထူးအေဂျင်စီမှ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁၁ ရက်ကစေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စေလွှတ်ခဲ့ကြသဖြင့် ထိုင်းနိုင်ငံ လေဆိပ်ရှိလူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့်ကောင်တာ၌ Show Money အဖြစ် ဒေါ်လာအတုပြသမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ထိုသို့ပို့ဆောင်ခြင်းခံရပြီးနောက် အကျဥ်းထောင်းတွင်းမှတဆင့်အမှုရင်ဆိုင်နေရသည်ကို မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရှိခဲ့ရသဖြင့်တာဝနိရှိသူများမှသွားရောက်တွေ့ဆုံကာ ကူညီပေးခဲ့ကြသဖြင့် မသန်းယုမေနှင့်မဖြိုးဇာဝေ တို့အား ဒဏ်ငွေနှင့်အကျယ်ချုပ်/ပြည်နှင်ဒဏ်အ ဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှသတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်- ဗန်ကောက်ဒုက္ခသည်စခန်းတို့မှကယ်ထုတ်၍ လို အပ်သည့် ခရီးစရိတ်များထောက်ပံ့ကာ မေ ၃၀ ရက်တွင် မဲဆောက်နယ်စပ်မှတဆင့် မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တို-က်ခို-က်ဖို့ အစ္စရေးပြင်ဆင်နေ

အစ္စရေးတပ်မတော်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေကို တို-က်ခို-က်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ "အီရန်ရဲ့ နျူကလီးယား စက်ရုံတစ်ခုခုကို အစ္စရေးက တို-က်ခို-က်နိုင်ခြေဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်" လို့ အမေရိကန်ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူ တစ်ဦးက ပြောပါတယ်။ "ဒါ့အပြင် ထရမ့်ညှိနှိုင်းတဲ့ အမေရိကန်-အီရန် သဘောတူညီချက်မှာ အီရန်မှာရှိနေတဲ့ ယူရေနီယမ်တွေ အားလုံးကို...

မန္တလေးတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊ (၈၉)လမ်း၊ (၃၆) လမ်းနှင့် (၃၇) လမ်းကြားတွင် တည်ရှိသည့် အဆောက်အအုံဖြစ်ကြောင်း မြို့ခံပရဟိတအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။ အဆောက်အဦးပြိုကျခဲ့သော်လည်း လူအထိခို-က်မရှိဘဲ အနီးဝန်းကျင်ရှိ လူနေအိမ်များအနေဖြင့် အရေးပေါ်ပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၁၇) ရက် ညပိုင်းကလည်း ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ...

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု အဆင် ပြေစွာပြီးဆုံး

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ စက်ရုံဘက်မှ လိုက်လျောမှုများတွင် ဒေးကြေး (၅၂၀၀) မှ (၆၀၀)တိုးပေးကာ (၅၈၀၀)ကျပ်နှင့် ထောက်ပံကြေး (၃၈၀၀) ကျပ်၊ အစိုးရထောက်ပံ့ကြေး (၂၀၀၀) ၊ ဆန်ဖိုး/ဆီဖိုး (၄၀၀) အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ (၁၂၀၀၀) ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။ Adidas တံဆိပ် ဖိနပ်များ ချုပ်လုပ်နေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071