ယနေ့ ကိုဗစ်စက်ခံရသူ ၄၀၀ နီးပါးရှိ ၊ ကာကွယ်ဆေး မပျက်မကွက် ထိုးကြရန် ကျန်းမှာရေးဝန်ကြီးဌာန သတိပေး
ယနေ့ စက်တင်ဘာလ (၂၀) ရက် ည(၈) နာရီ ကျန်းမာ ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ် (၁ ၉) ရောဂါ ကူးစက်ခံရသူ (၃၉၉) ဦးအထိရှိကြောင်း သိရသည်။
အဆိုပါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ (၁၉) ရက် (၈) နာရီမှာ (၂၀) ရက် ည(၈) နာရီ အထိ သံသယ လူနာ (၁၂,၁၀၂) ဦးကို စစ်ဆေးရာမှ တွေ့ရှိရသည့် အတည်ပြု လူနာများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
ယတေ့အချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်သံသယလူနာ (၈ ,၉၄၆,၈၄၈) ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစု ပေါင်း (၆၁၉,၅၆၆) ဦး တွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်း မွန်လာသူ (၂၂၇) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကော င်းမွန်လာသူ စုစုပေါင်း (၅၉၅,၈၄၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ (၂) ဦးရှိပြီး ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၅၀) ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ အများစုမှာ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရသည့်အပြင် သေဆုံးသူအများစုမှာလည်း ကာကွ ယ်ဆေး ထိုးနှံထားခြင်းမရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကာ ကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းတို့အပြင် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ် ၍ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံမှုနှင့် ထပ်ဆော င်းကာကွယ်ဆေးများထိုးနှံခြင်းကို မပျက်မကွက် ဆောင် ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးနှိုး ဆော်ထားသည်။