နိုင်ငံရေးပါတီ ၈၅ ပါတီအား စစ်ဆေးပြီးချိန်တွင် တွေ့ရှိရသည့်အားနည်းပျက်ကွက်ခြင်းများအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်

နိုင်ငံရေးပါတီ ၈၅ ပါတီအား စစ်ဆေးပြီးချိန်တွင် တွေ့ရှိရသည့်အားနည်းပျက်ကွက်ခြင်းများအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်
September 20, 2022 Popular Journal

နိုင်ငံရေးပါတီ ၈၅ ပါတီအား စစ်ဆေးပြီးချိန်တွင် တွေ့ရှိရသည့်အားနည်းပျက်ကွက်ခြင်းများအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်

စစ်ဆေးပြီး နိုင်ငံရေးပါတီ ၈၅ ပါတီ၏ အားနည်းပျက်ကွက်မှုများနှင့်ပတ်သင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက စက်တင်ဘာ ၂၀ ရက်(ယနေ့)မွန်းလွဲ ၁ နာရီက နေပြည်တော်၌ပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံရေးပါတီတွေရဲ့ စာရင်းတွေကိုစစ်ဆေးရာမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပ ဒေ ၂၃ တို့နဲ့အညီ UEC အဖွဲ့ဝင်တွေ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါတဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တာပါ”ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြော သည်။

 

ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးပြီးနိုင်ငံရေးပါတီအများစုသည် စာရင်းဇယားများ နောက်ဆုံးအ ခြေအနေနှင့်ကိုက်ညီအောင်ပြုစုထားရှိမှုအား နည်းခြင်းများကိုတွေ့ရှိရသည်ဟု ပြောသည်။

အလားတူ ငွေစာရင်းများစနစ်တကျရေးဆွဲပြုစုခြင်းနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး၊အတည်ပြုထားရှိရန် လိုအပ်ခြင်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦး၏ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ပါတီတွင်းစာ ရင်းစစ်ကော်မတီထားရှိခြင်း၊တတ်ကျွမ်းသည့်ရုံးအဖွဲ့ထားရှိခြင်းနှင့်ငွေစာရင်းအပါအဝင် မှတ် တမ်းစာအုပ်များ စနစ်တကျထားရှိခြင်းများပြု လုပ်ရန် အားနည်းပျက်ကွက်ခြင်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“အဲဒီ အားနည်းပျက်ကွက်တာတွေကိုအမြန်ဆုံးပြန်လည်ပြုပြင်လိုက်နာဆောင်ရွက်ဖို့နဲ့ဆောင် ရွက်ပြီးစီးမှုအခြေအနေကို UEC ထံပြန်လည်တင် ပြဖို့အတွက် အကြောင်းကြားထားပြီးဖြစ်ပါတယ် “ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။

UEC ၌မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါ တီတွင် နိုင်ငံရေးအယူဝါဒအရဖြစ်လာသည့်ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပါတီ ၁၉ ပါတီနှင့် ဒေသအ လိုက်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပါတီ ၃၀ ပါတီရှိသည်ဟု သိရသည်။

“နိုင်ငံရေးပါတီတွေထဲက ပြည်ထေင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီက ၇၄ ပါတီနဲ့ တိုင်း/ပြည် နယ် တစ်ခုမှာသာစည်းရုံးမယ့်ပါတီက ၁၈ ပါတီရှိပါတယ်”ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြော သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*