ပြည်တွင်း၌ ရုရှားငွေ အသုံးပြုနိုင်ရန် ခြေလှမ်းပြင်နေကြောင်း နစက ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ဖွင့်ပြော

ပြည်တွင်း၌ ရုရှားငွေ အသုံးပြုနိုင်ရန် ခြေလှမ်းပြင်နေကြောင်း နစက ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ဖွင့်ပြော
September 20, 2022 Popular Journal

ပြည်တွင်း၌ ရုရှားငွေ အသုံးပြုနိုင်ရန် ခြေလှမ်းပြင်နေကြောင်း နစက ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ဖွင့်ပြော

ပြည်တွင်း၌ ရုရှားငွေကြေး ရူဘယ်ကို ပြည်တွင်း၌ တရား ဝင် လဲလှယ်အသုံးပြုနိုင်ရန် ပြင်ဆင်နေကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။

စက်တင်ဘာလ(၂၀) ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် ရုရှားနိုင်ငံ ငွေကြေး အသုံးပြုကာ ငွေကြေးလဲလှယ်နိုင်သည့် MIR Card ကတ်ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် အမြန်ဆုံး စီစဉ်နေကြောင်း ပြောကြားသွားခြင်းလည်း ဖြစ်သည်။

“ရုရှားနိုင်ငံက ပြုလုပ်တဲ့ MIR Card ကို လျှင်မြန်စွာ အသုံးပြုနိုင်ရေးအတွက် ရုရှားငွေရေးကြေးရေးအဖွဲ့အစ ည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ MIR Cardကို မြန်မာနိုင်ငံရဲ့ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ရေးအတွက်ဆွေးနွေးလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့်   တတိယအကြိမ်ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်းအဝေးမတိုင်မီ ရုရှားဘဏ်များနှင့် အမြန်ဆုံး ချိတ်ဆက်ကာ ဆောင်ရွက်နိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြော သည်။

ရုရှားငွေကြေး ရူဘယ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်ရေး ပေးချေနိုင်ဖို့အတွက် မြန်မာနိုင်ငံရှိ ဘဏ်များအ‌နေဖြင့်  ရုရှားဘဏ်များတွင် အကောင့်ဖွင့်နိုင်ရန်နှင့် SPFF အသုံးပြုနိုင်ရေးသည်  အရေးကြီးသည့်အတွက်အဆိုပါအချက်များ အမြန်ဆုံးဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။ 

ထို့အပြင် နှစ်နိုင်ငံငွေကြေး တိုက်ရိုက်လဲလှယ်ရာတွင် ဘဏ်လုံခြုံရေးစနစ်နှင့် နည်းပညာသတင်းအချက်အလက်များ အသင့်အနေအထားရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*