Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsမှတ်ပုံတင်၊ သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားသူများ...

မှတ်ပုံတင်၊ သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားသူများ နိုဝင်ဘာ ၁ ရက်နောက်ဆုံးထား၍မြို့နယ်လဝက ရုံးများသို့ အပ်နှံရမည်

မှတ်ပုံတင်၊ သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားသူများ နိုဝင်ဘာ ၁ ရက်နောက်ဆုံးထား၍မြို့နယ်လဝက ရုံးများသို့ အပ်နှံရမည်  


မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများ၊အသက်(၁၀)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများသည် သက်ဆိုင်ရာမြို့နယ် လဝက ရုံးများတွင် သွားရောက်၍ ဖြေရှင်းပြုလုပ်ရမည်ဖြစ်ကာ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရမည်ဖြစ်သည်။

အလားတူ မှတ်ပုံတင်တွင်ပါရှိသည့် အချက်အ လက်များ ကွဲလွဲပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ သွားရောက်ပြင်ဆင်ရမည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်(၁)ခုထက်ပို၍ ကိုင်ဆောင်ထားရှိခြင်းမပြုရဘဲ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြိုနယ်လဝကရုံးများတွင် အမြန်သွားရောက်အပ်နှံရမည်ဖြစ်ကာ နိုဝင်ဘာ ၁ ရက်အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသည့် မှတ်ပုံတင်ကတ်ကိုသာ အတည်ပြုသွားမည်ဖြစ်ပြီး ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ)ကိုင်ဆောင်ထားသူများအနက် ပြောင်းလဲခွင့်ရှိသူများသည် သက်ဆိုင်ရာမြို့နယ် လဝက ရုံးများတွင် မှတ်ပုံတင်ကတ်သို့ ပြောင်းလဲရမည်ဖြစ်သည်။

ထို့ပြင် မိမိ၏ မှတ်ပုံတင်ကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများသို့ သတင်းပို့ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်း(အထစ)ပျောက် ဆုံး/ပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ်  လဝက ရုံးများသို့ သတင်းပို့ဖြေရှင်းရမည်ဖြစ်ကာ သန်းခေါင်စာရင်းတွင်ပါဝင်သည့် အိမ် ထောင်စုဝင်များသည် မှတ်ပုံတင်ရရှိပါက မှတ်ပုံတင်ကတ်အမှတ်အား မြို့နယ် လဝက ရုံးများတွင်မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်သည်။

သန်းခေါင်စာရင်းအချက်အလက်များနှင့်မှတ်ပုံတင်ကတ်ပါ အချက်အလက်များကွဲလွဲနေပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ပြင်ဆင်ရမည်ဖြစ်သည်။

ထို့ပြင် သန်းခေါင်စာရင်း(၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝက ရုံးများသို့အပ်နှံရမည်ဖြစ်ကာ နိုဝင်ဘာ ၁ ရက်အထိ အပ်နှံခြင်းမရှိပါက နောက်ဆုံးထုတ်ယူထားသည့် သန်းခေါင်စာရင်းကိုသာ အတည်ပြု၍ ယခင် သန်းခေါင်စာရင်းများအား ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်သည်။

သန်းခေါင်စာရင်း အချက်အလက်များ(ပြောင်းဝင်/ပြောင်းထွက်/မွေးဖွားသေဆုံးခြင်း)၊ပြောင်း လဲမှုရှိချိန်တိုင်းတွင် သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ရမည်ဖြစ်သည်။

ထို့ပြင် မည်သည့်အရပ်ဒေသတွင်မှ သန်းခေါင်စာရင်း မရှိသေးသူများအား နီးစပ်ရာမြို့နယ် လဝက ရုံးများတွင် ပန်းခင်းစီမံချက်အရ စီစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံ သားပြုခွင့်ရသူနှင့်အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ(၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်၍ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ကတ်နှင့်အခြားအသိအမှတ်ပြုကတ်များ၊သန်းခေါင်စာရင်း၏ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝက ရုံးများ၌ဖြေရှင်းရမည်ဖြစ်ကာ သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071