ယခု တစ်ပတ် ဈေးကွက်ဖွင့်ချိန်တွင် ရွှေနှင့် ဒေါ်လာဈေး အကျပိုင်းဖြင့် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်

ယခု တစ်ပတ် ဈေးကွက်ဖွင့်ချိန်တွင် ရွှေနှင့် ဒေါ်လာဈေး အကျပိုင်းဖြင့် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်
September 19, 2022 Popular Journal

ယခု တစ်ပတ် ဈေးကွက်ဖွင့်ချိန်တွင် ရွှေနှင့် ဒေါ်လာဈေး အကျပိုင်းဖြင့် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်

ယခုတစ်ပတ် ဈေးကွက်ဖွင့်ချိန်တွင် ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေး အကျဘက်သို့ ဦးတည် ဈေးဖွင့်အ ရောင်းအဝယ် ပြုလုပ်ကြကြောင်း ဈေးကွက်အတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ (၁၉) ရက် ဈေးကွက်ဖွင့်ချိန်တွင်ပြည်တွင်း အခေါက်ရွှေ (၁) ကျပ်သားလျင် (၂၈) သိန်း ကျော်ဖြင့်ဈေးဖွင့်ပြီး ဒေါ်လာငွေလဲနှုန်းမှာလည်း အမေရိကန် (၁) ဒေါ်လာလျင် (၃၂၀၀) ကျပ်  ဝန်းကျင်ဖြင့် အရောင်းအ ဝယ် ပြုလုပ်ကြောင်း သိရသည်။

  ဈေးက ကျမှာပါလို့ ကျွန်တော်ပြောတော့ ဘယ်သူမှ မယုံကြဘူး။ တက်ဖို့ပဲရှိတယ် ဘာညာနဲ့ ပြောကြတယ်။ ဝယ်စုတဲ့သူတွေ အထိနာကြတာပေါ့” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးကျွမ်းကျင်သူ တစ်ဦးကပြောသည်။

ယနေ့ နေ့လယ်ပိုင်း (၃) နာရီဝန်းကျင် ဈေးကွက်ပေါက် ဈေးအရ အကယ်ဒမီအခေါက်ရွှေ (၁) ကျပ်သားလျင် (၂၈၄၀၀၀၀) ကျပ်ဖြင့် ရောင်းချပြီး အဝယ်ဈေးနှုန်းမှာ (၂၈၀၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် (၁၅) ပဲရည် ရွှေ(၁၀) ကျပ်သားလျှင် (၂၆၇၃၀ ၀၀) ကျပ်ရောင်းချပြီး အဝယ်ဈေးနှုန်းမှာ (၂၆၅၀၀၀၀) ကျပ် ဝန်းကျင်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရတနာဆိုင်အချို့မှ သိရသည်။

ယနေ့ စက်တင်ဘာလ (၁၉) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သားလျင် (၁၉၅၅၀၀၀)ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ အကယ် ဒမီ မီးလင်းရွှေ တစ်အာင်ဆလျှင်အမေရိကန်ဒေါ်လာ (၁၆၆၁) ဒေါ်လာဖြစ်ကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးကွက်တွင် ယနေ့ စက်တင်ဘာလ (၁၉) ရက် ‌ငွေလဲဈေးနှုန်းမှာ အမေရိကန် (၁) ဒေါ်လာလျှင် (၃၂၂၀) ကျပ်ဖြင့် အရောင်း အဝယ် ပြုလုပ်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ငွေလဲနှုန်း ရည်ညွှ န်းဈေးနှုန်းမှာ အမေရိကန်(၁) ဒေါ်လာလျှင် (၂၁၀၀)ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ဗဟိုဘဏ် ရည်ညွှန်းဈေးနှင့် (၃) ရာခိုင်နှုန်းသာ ကွာဟ ရောင်းဝယ်ကြရန်လည်း ညွှန်ကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*