Wednesday, December 17, 2025

ဘရူနိုင်းသံအမတ်ကြီးကို နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ...

နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad...

ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀)...

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ...

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် မေခ၊မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊...

ရွေးကောက်ပွဲ မဲပေးနိုင်ရေး နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်ထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး...

ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးနိင်ရန် အရေးကြီးကြောင်း မဲပေးနိုင်ရန် နိုင်ငံတော်အပိုင်းက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး...
HomeInternationalယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား...

ယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား ကန်သမ္မတသတိပေး

ယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား ကန်သမ္မတသတိပေး

မကြာသေးမီက ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတဗလာဒီမာပူတင်အား ယူကရိန်း၌နည်းဗျူဟာမြောက်နျူကလီးယား ( သို့) ဓာတုလက်နက်များအသုံးမပြုရန်သတိပေးခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်းက ယူကရိန်းစစ်မြေပြင်၌ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသဖြင့် သမ္မတပူတင်အနေဖြင့် နည်းဗျူဟာအရ နျူလက်နက်များထုတ်သုံးရန်စဉ်းစားနေနိုင်သဖြင့် သမ္မတဘိုင်ဒင်ကယခုပဲ့သို့သတိပေးလိုက်ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

“အခုလိုလုပ်ဖို့စဉ်းစားနေတယ်ဆိုရင် မလုပ်ပါနဲ့၊ရပ်လိုက်ပါ အဲ့လိုမှမဟုတ်ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်သမျှစစ်ပွဲတွေရဲ့ အသွင်အပြင်ကိုရုရှားကပြောင်းလိုက်သလိုဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းကအင်တာဗျူးတွင် ပြောကြားခဲ့သည်။

အကယ်၍သမ္မတပူတင်အနေဖြင့် သတိပေးထားသည့်ကြားမှ ယင်းသို့လုပ်ဆောင်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်နှင့်ပတ်သက်၍ သမ္မတဘိုင်ဒင်က “သတိပေးနေတဲ့ကြားက ဒီလိုလုပ်မယ်ဆိုရုရှားဟာ ကမ္ဘာပေါ်မှာအပယ်ခံနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

“ဘာဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီး အတိအကျမပြောနိုင်ပါဘူး၊ဒါပေမယ့်အကျိုးဆက်ကိုတော့ ကျိန်းသေပေါက်ရင်ဆိုင်ရမှာပါ၊သေချာတာကတော့ သူတို့ဟာကမ္ဘာပေါ်မှာ အရင်ကထက်ပိုပြီးအပယ်ခံတွေဖြစ်လာပါလိမ့်မယ်၊သူတို့လုပ်လိုက်တဲ့လုပ်ရပ်ရဲ့အတိုင်းအတာပေါ်မူတည်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးတွေဖြစ်ပေါ်လာမယ်ဆိုတာကို အခြေနေကပဲဆုံးဖြတ်ပေးပါလိမ့်မယ်” ဟု ကန်သမ္မတကပြောကြားခဲ့သည်။

“သမ္မတပူတင်က သူကိုယ်တိုင်ပဲသူ့ဘာသာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပိုပြီးဝေးကွာသွားအောင်လုပ်နေတာပါပဲ၊အခုအချိန်မှာ ယူကရိန်းအပေါ်လုပ်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဲ့ဒီကိစ္စတွေကိုလျစ်လျူရှုပြီး ရုရှားနဲ့ပုံမှန်အတိုင်း စီးပွားကူးသန်းရောင်းဝယ်မှုလုပ်ရမယ့်အချိန်မဟုတ်ပါဘူး” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာမြောက်ဆက်သွယ်ညှိနှိုင်းရေးမှူး John Kirby ကပြောကြားခဲ့သည်။

ထို့ပြင်ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အိန္ဒိယနှင့်တရုတ်တို့က ရုရှားကို ပြောကြားမှုများသည် ကမ္ဘာကြီး၏စိုးရိမ်ပူပန်မှုများကိုထင်ဟပ်နေကြောင်းလည်း ပြောကြားခဲ့သည်။အိန္ဒိယနှင့် တရုတ်တို့‌ေပြာသမျှစကားတိုင်းသည် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း၏စိုးရိမ်မှုများကိုထင်ဟပ်နေပါတယ်ဟုလည်း မစ္စတာဘလင်ကန်ကဆိုခဲ့သည်။

ရုရှားက ယူကရိန်းသို့ဝင်ရောက်ခဲ့ချိန် ယခုနှစ်အစောပိုင်းမှစကာ ရုရှားဘက်မှအသာစီးရခဲ့သည်မှာ သိသာထင်ရှားသော်လည်း မကြာသေးမီအချိန်ကတိုက်ပွဲများက ရုရှားအတွက်ခြောက်ခြားစေခဲ့မည်မှာမလွဲနိုင်ပါဟုလည်းဆိုသည်။

ယူကရိန်းတပ်များရေရှည်ခုခံမှုများကြောင့် ခါကိဗ်ဒေသမှရုရှားတပ်များအား ဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့သည်။သမ္မတဇလန်းစကီး၏ပြောကြားချက်အရ ယူကရိန်းသည် ယခုတစ်လတည်းမှာပင် နိုင်ငံ၏ပိုင်နက် ၈,၀၀၀ စတုရန်းမီတာ (၃,၁၀၀ စတုရန်းမိုင်) ကျော်ကို လွတ်မြောက်အောင်ကြိုးပမ်းနိုင်ခဲ့သည်ဟု သိရှိရသည်။အဆိုပါအောင်ပွဲများအားလုံးသည် ခါကိဗ်ဒေသ၏ အရှေ့မြောက်ဒေသတစ်ဝိုက်တွင်ဖြစ်ကြောင်းသိရှိရသည်။

Source –Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရူနိုင်းသံအမတ်ကြီးကို နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin ကို နေပြည်တော်၌ ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်စေရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှပ်နှံမှုနှင့် အလုပ်သမားကဏ္ဍ အပါအဝင်...

ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး တရားခံ (၂၂၉) ဦး အရေးယူထား

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း တရားခံ (၂၂၉)ဦးကို အရေးယူးထားကြောင်း ယမန်နေ့က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။ ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား...

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် မေခ၊မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ နှင့်တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဓါတ်အားကို ရေအား၊လေအား၊နေရောင်ခြည်စွမ်းအား၊ကျောက်မီးသွေး နှင့် သဘာဝဓါတ်ငွေ့များမှ ထုတ်လုပ်ကြပြီး မြန်မာနိုင်ငံ၌ တစ်ယူနစ် ထုတ်လုပ်မှုတန်ဖိုးသည့် ရေအားလျှပ်စစ်မှ ပျှမ်းမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071