Looking for something?

Explore the website

Looking for something?

Saturday, June 14, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeInternationalနှစ်စဥ်​မြေပြိုမူဖြစ်​လေ့ရှိသည့် နီ​ပေါ၌ ယခုနှစ်တွင်...

နှစ်စဥ်​မြေပြိုမူဖြစ်​လေ့ရှိသည့် နီ​ပေါ၌ ယခုနှစ်တွင် ​မြေပြို၍ လူ ၁၇ဦးထက်မနည်း​သေဆုံး

နှစ်စဥ်​မြေပြိုမူဖြစ်​လေ့ရှိသည့် နီ​ပေါ၌ ယခုနှစ်တွင် ​မြေပြို၍ လူ ၁၇ဦးထက်မနည်း​သေဆုံး

ခတ္တမန္ဒူ၊စင်တင်ဘာ ၁၇

နီပေါနိုင်ငံအနောက်ပိုင်းတွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသည့် Sudurpaschim ပြည်နယ် Achham ခရိုင်၏ နေရာအနှံ့အပြားတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။


ယာယီခရိုင်အရာရှိ Dipesh Rijal ၏အဆိုအရ မြို့တော်ခတ္တမန္ဒူမြို့၏အနောက်ဘက် ၄၅၀ ကီလိုမီတာ (၂၈၁ မိုင်) အကွာတွင် မြေပြိုမှုအတွင်း အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးကို Surkhet ခရိုင်သို့ ပို့ဆောင်ကုသရန် လေကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။ မြေပြိုမှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

နီပေါရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊

အသေအပျောက် အရေအတွက် တိုးလာနိုင်ကြောင်း၊  ခရိုင်ခုနစ်ခုကို ဆက်သွယ်သည့် ဘိမ္ဗုတ အဝေးပြေးလမ်းမကြီးမှာလည်း ရေကြီးရေလျှံမှုကြောင့် သုံး၍မရ​သေး​ကြောင်း၊Achham တွင် ဆက်သွယ်ရေးဝန်ဆောင်မှုလည်းထိခိုက်သွား​ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

နီပေါနိုင်ငံ တောင်တန်းဒေသများတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများသည်ဇွန်လမှ စက်တင်ဘာလအတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ပြီးခဲ့သည့်နှစ် ​အောက်တိုဘာ ​မြေပြိုစဥ်ကလည်း ၄၈​ယောက် ​သေဆုံးခဲ့သည်။

Ref:ndtv.com

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071