Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeInternationalတရုတ်နိုင်ငံ၏ထိပ်တန်းအမတ်က ထောက်ပံ့ရေးကွင်းဆက်များ၌ တောင်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

တရုတ်နိုင်ငံ၏ထိပ်တန်းအမတ်က ထောက်ပံ့ရေးကွင်းဆက်များ၌ တောင်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

တရုတ်နိုင်ငံ၏ထိပ်တန်းအမတ်က ထောက်ပံ့ရေးကွင်းဆက်များ၌ တောင်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

ဆိုးလ်၊စက်တင်ဘာ ၁၆

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်အမတ် လီချန်ရှူးက ထိပ်တန်းနည်းပညာများနှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပြဿနာများအတွက် တောင်ကိုရီးယားနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် စက်တင်ဘာ ၁၆ ရက် သောကြာနေ့ကတောင်းဆိုခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဌလီသည် တောင်ကိုရီးယားသမ္မတပါလီမန်ဥက္ကဋ္ဌ ကင်မ်ဂျင်ဖြိုးနှင့်တွေ့ဆုံပြီးနောက် ဆိုးလ်၌စကားပြောဆိုခဲ့ခြင်းဖြစ်သည်။

မစ္စတာလီသည် အမေရိကန်နှင့်လည်းဆက်ဆံရေးတိုးချဲ့နေစဉ် တရုတ်နှင့်စီးပွားရေးအရဆက်ဆံရေးအားကောင်းအောင် ကြိုးပမ်းနေသည့် တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်နှင့်လည်း တွေ့ဆုံခဲ့သည်။

“လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် ဒုတိယအဆင့်စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်ဆောင်ရွက်ရေး၊ နည်းပညာမြင့်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ထောက်ပံ့ရေးနှင့်စက်မှုလုပ်ငန်းကွင်းဆက်များကို တည်ငြိမ်စွာစီမံခန့်ခွဲနိုင်စေရန် နှစ်ဖက်စလုံးကပံ့ပိုးကူညီလျက်ရှိသည်” ဟု မစ္စတာလီက ကင်မ်နှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဘာသာပြန်မှတစ်ဆင့်ပြောကြားခဲ့သည်။

နှစ်ဖက်စလုံး၏ အဓိကအကျိုးစီးပွားများနှင့် အရေးကြီးသော အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို လေးစားလိုက်နာသည့် စိတ်ဓာတ်ဖြင့် ထိလွယ်ရှလွယ်ကိစ္စရပ်များကို စီမံခန့်ခွဲရန်လည်း သဘောတူညီခဲ့ကြောင်း လီကပြောကြားခဲ့သည်။

ပေကျင်းသည် THAAD ဟုခေါ်သော အမေရိကန်၏ ဒုံးကျည်ကာကွယ်‌ေရးစနစ်အား လက်ခံထားသည့် တောင်ကိုရီးယားကိုပြစ်တင်ဝေဖန်ခဲ့သလို အမေရိကန်ကလည်း တရုတ်က၎င်း၏ပိုင်နက်ပါဟု အခိုင်အမာဆိုသည့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ပြတ်ပြတ်သားသားရပ်တည်တုံ့ပြန်ရန် ဆိုးလ်ကိုဖိအားပေးနေခဲ့သည်။

THAAD ပြဿနာသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အတားအဆီးမဖြစ်စေရန် နှစ်ဘက်စလုံးအနေဖြင့် ပိုမိုနီးကပ်စွာဆက်သွယ်သင့်သည်ဟု ယွန်းမှ၎င်းတို့၏ သီးခြားအစည်းအဝေးတွင် လီအားပြောကြားခဲ့သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာယွန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်အား ဆိုးလ်သို့ဖိတ်ကြားသကဲ့သို့ မစ္စတာလီကလည်း တောင်ကိုရီးယားသမ္မတမစ္စတာ ယွန်း၏ တရုတ်သို့အလည်လာရောက်ရေး ခရီးစဉ်ကိုမျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုန်သွယ်ရေးဆွေးနွေးပွဲများကိုအရှိန်မြှင့်ရန်ထောက်ခံကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန် တရုတ်နိုင်ငံအားတောင်းဆိုခဲ့ကြောင်း ကင်မ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မစ္စတာယွန်းဟာ အမေရိကန်နဲ့ကိုရီးယားရဲ့ ဆက်ဆံရေးကိုအထိခိုက်မခံဘဲ တရုတ်နှင့်ကိုရီးယား ဆက်ဆံရေးကိုလည်း တည်ငြိမ်စေဖို့ကြိုးပမ်းနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်” ဟု ဆိုးလ် မြို့ရှိ Asan Institute for Policy Studies မှ Go Myong-Hun ကပြောခဲ့သည်။

“တရုတ်နိုင်ငံက အဆင့်မြင့်အရာရှိတွေရဲ့ တောက်လျှောက် လာရောက်လည်ပတ်မှုတွေကလည်း တရုတ်နိုင်ငံအနေနဲ့ ဆိုးလ်နှင့် ၎င်း၏ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေဖို့ ခွင့်မပြုလိုကြောင်း ပြသနေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သေးသည်။

မကြာသေးမီက သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သော အမေရိကန် ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေနှင့်ပတ်သက်၍ တောင်ကိုရီးယား၌ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် မစ္စတာလီရောက်ရှိလာခြင်းဖြစ်သည်။

မြောက်အမေရိကပြင်ပ၌ တပ်ဆင်ထားသောလျှပ်စစ်ကားများ (EVS) ကို အမေရိကန်ရှိအခွန်ခရက်ဒစ်မှ ဖယ်ထုတ်ထားခြင်းအချက်ပါဝင်သည့် အဆိုပါအက်ဥပ‌ဒေသည် ဘိုင်ဒင်ကတိပြုထားသည့် နိုင်ငံများ၏ စီးပွားရေးနှင့်လုံခြုံရေး မဟာမိတ် စိတ်ဓာတ်ကို ချိုးဖေါက်သည်ဟု တောင်ကိုရီးယားကပြောကြားခဲ့သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်သည် ကြာသပတေးနေ့က ဝါရှင်တန်၌ တောင်ကိုရီးယားဒုနိုင်ငံခြားရေးဝန်ကြီး Cho Hyun-dong နှင့် တွေ့ဆုံခဲ့ပြီး ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေအကောင်အထည် ဖော်ရာတွင် ဆိုးလ်နှင့်ထိတွေ့ဆက်ဆံရန် “အတိုင်ပင်ခံယန္တရား” ဖွဲ့စည်းခြင်းအပါအဝင် နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟုနိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source -Reuters/st

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071