Saturday, June 14, 2025

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ခရိုင်အဆင့် စုဖွဲ့လေ့ကျင့်များပြုလုပ်

မွန်ပြည်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့်စုဖွဲလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မော်လမြိုင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ(၁၁)ခုရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မီးသ-တ်တပ်ဖွဲ့၊ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့်...

MNL League Cup 2025...

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ...
HomeNewsLocal Newsပြည်တွင်း ရွှေဈေးနှုန်း မတည်ငြိမ်ခြင်းမှာ...

ပြည်တွင်း ရွှေဈေးနှုန်း မတည်ငြိမ်ခြင်းမှာ နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ ရောင်းလိုအား ဝယ်လိုအားနှင့်သာဆိုင်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌပြော

ပြည်တွင်း ရွှေဈေးနှုန်း မတည်ငြိမ်ခြင်းမှာ နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ ရောင်းလိုအား ဝယ်လိုအားနှင့်သာဆိုင်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌပြော

ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်း မတည်မငြိမ်ဖြစ်နေခြင်းမှာ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ဝယ်လိုအား၊ ရောင်းလိုအား အ ခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်နေခြင်းသာဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌကပြောသည်။

ပြည်တွင်း ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံရေးအခြေခံပြီး ဈေးကစားမှုများကြောင့်ဟု သတင်း ထွက်နေသည့်အပေါ် ပေါ်ပြူလာနယူး(စ်) မှ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” အဲဒီလိုတော့ မဟုတ်ပါဘူး ။ နိုင်ငံရေးနဲ့ မပတ်သက်ဘူးဗျ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ထို့အပြင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဝယ်လို အားနှင့် ရောင်းလိုအား အပါအဝင် နိုင်ငံခြားငွေ ဈေးနှုန်း အခြေအနေပေါ်မူတည်၍လည်း ဈေးနှုန်း အတက်အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးအကျဖက်သို့ ဦးတည်နေသည့်အတွက် အဝယ်အေးနေပြီး ရောင်းလိုအားများနေကြောင်းလည်း ရန်ကုန်ရွှေအသင်းမှ သိရသည်။

” အကုန်လုံးအလုပ်မရှိတဲ့အခါကျတော့ အကုန်လုံး ရွှေပဲလူတွေက ဝိုင်းပြီးတော့ ဝယ်နေကြတာ။ အခုဈေးကျသွားပြီဆိုတော့ သူတို့ပဲ ချက်ချင်း လာပြန်ရောင်းကြတာ ။ အခုရောင်းတဲ့သူတွေက အားသာနေတယ်။ အရောင်းများနေတယ် ။ အခုက အဝယ်မရှိဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။

ယနေ့ စက်တင်ဘာလ (၁၅) ရက် ပြည်တွင်း ရွှေဈေးကွ က်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် ၅သောင်းဝန်း ကျင် ပြန်လည်မြင့်တက်လာပြီး ၂၉သိန်းခွဲ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်‌ကြကြောင်း ရန်ကုန်ရွှေဈေး ကွ က်အတွင်းမှ သိရသည်။

ယမန်နေ့ ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၂၈၇၀၀၀၀) ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယနေ့ နံနက် ဈေးကွက်ဖွင့်ချိန်တွင် (၁)ကျပ်သားလျှင် သိန်း (၃၀) ဖြင့် ဈေးဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာ (၁၅) ရက် ရန်ကုန်အထိုင်ဈေးနှုန်းအနေဖြင့် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ခေါက်ရွှေ (၁) ကျပ်သားလျင် ၁၉၈၂၀၀၀ ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေ (၁) အောင်ဆလျင် အမေရိကန်ဒေါ်လာ ၁၆၈၈ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၁၄) ရက်က နေပြည်တော်တွင် ဗဟိုဘဏ်တွင် ပြုလုပ်သည့် ရွှေဈေးနှင့် ငွေဈေးနှုန်းထိန်းညှိရေး အစည်းအဝေးတွင် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ဗဟိုဘဏ်နှင့် အစိုးရက ပံ့ပိုးပေးသွားမည်ဟု ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့် ဘုန်းကြီးကျောင်းများ တည်‌ဆောက်ရေး ဘိလပ်မြေအိတ်ရာနှင့်ချီ စတင်လှူဒါန်း

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်းတိုက်၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘာတဲကျောင်းတိုက်နှင့် နေမင်းပရဟိတ ကျောင်းတိုက်များအတွက် ဘိလပ်မြေအိတ် ၁,၄၀၀ အပါ အဝင် ဆန်အိတ် (၂၄၀)တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံ တိုက်သစ်ကျောင်းတိုက်တွင် အသစ်ပြန်လည် တည်ဆောက်ရမည်ကျောင်းဆောင် ၇ ဆောင်၊ ပြန်လည် ပြုပြင်မွန်းမံရမည့်...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ခရိုင်အဆင့် စုဖွဲ့လေ့ကျင့်များပြုလုပ်

မွန်ပြည်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့်စုဖွဲလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မော်လမြိုင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ(၁၁)ခုရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မီးသ-တ်တပ်ဖွဲ့၊ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိင်ရန် ဇာတ်တို-က်လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။ ပြီးခဲ့သော ဇွန် ၆ ရက်ကလည်း မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တို-က်လေ့ကျင့်ခြင်းအားစုဖွဲ့လေ့ကျင့်ခဲ့ကြပြီး၊ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူဆက်တို-က်လေ့ကျင့်ခြင်းကို ဇေယျာသီရိရပ်ကွက်ရှိ မုန်တိုင်းဒဏ်ခံကယ်ဆယ်‌ရေးစခန်း၌ ဒေသခံပြည်သူများ ပူးပေါင်း လေ့ကျင့်ခဲ့ကြသေးသည်။ မန္တလေး ငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အချို့တွင် သဘာဝဘေး အန္တရာယ်ကြိုင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင်ခြင်းသင်တန်းများကို...

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်မီ ခြေစမ်းပွဲကစားခဲ့ကြသည့် YUFC နှင့် Glory Goal အသင်း

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal အသင်းနှင့် ခြေစမ်းကစားရာ (၅) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမည့် ဇွန်လ (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စု (ဂ) အသင်းမှ ဒုတိယရရှိသည့်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ ယနေ့ ခြေစမ်းပွဲစဉ်အတွင်း အနိုင်ဂိုးများကို မျိုးဆက်ပိုင်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071