Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeSportအာရှ ယူ-၂၀ ခြေစစ်ပွဲ...

အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာအသင်း ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်

အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာအသင်း ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification)  ပြိုင်ပွဲ​အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ည  (၉ နာရီ ၄၅ မိနစ်) တွင် ဆော်ဒီအာရေဗျနိုင်ငံတွင်  ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန် -၂၀ အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ မြန်မာယှဥ်ပြိုင်ကစားသည့် ဉဇဘက်ကစ္စတန်သည် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားသည့်အတွက် ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲအောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၂ ရက် နံနက် က တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃-၁) ဖြင့်ရှုံးနိမ့်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071