တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ (၁၀၀၀) ဝန်းကျင်အထိရှိလာ ၊ လူဦးရေ ထူထပ်သည့် ရန်ကုန်တွင် အများဆုံးကူးစက်ခံနေရ

0
201

တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ (၁၀၀၀) ဝန်းကျင်အထိရှိလာ ၊ လူဦးရေ ထူထပ်သည့် ရန်ကုန်တွင် အများဆုံးကူးစက်ခံနေရ

ယခုရက်ပိုင်းအတွင်း ပြည်တွင်းကိုဗစ်ကူးစက်မှုများ တကျော့ပြန် မြင့်တက်လာကာ အများဆုံးမှာ ရန်ကုန်တိုင်းအတွင်းမှ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှသိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလ (၇) ရက်အထိ တပတ်အတွင်း ကူးစက်မှုမှာ (၁၀၀၀) ဝန်းကျင်အထိရှိကာ အဆိုပါ ကူးစက်ခံရသူများထဲမှ အများဆုံးမှာ ရန် ကုန်တိုင်းအတွင်း နေထိုင်သူများ ဖြစ်‌ကြောင်းသိရသည်။


” လက်ရှိကာလအတွင်းမှာပဲ ပြည်တွင်းကူးစက်မှု တွေ့ရှိမှုအများဆုံးကတော့ လူဦးရေထူထပ်မှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းကပဲ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ရန်ကုန်တိုင်းအပြင် စစ်ကိုင်တိုင်းနှင့် နေပြည်တော်တို့တွင်လည်း ပိုးတွေ့လူနာ များပြားနေသည့်အတွက် ကျန်း မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။


ထို့အပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တန င်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည် နယ် အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လ ည်း ကိုဗစ်ကူးစက်မှုများကို တွေ့ရှိရကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ များမှတဆင့် ကိုဗစ် ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုနှုန်းလည်း တဖြေးဖြေးများပြားလာနေသည့်အတွက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလျက်ရှိသည်။


” ဒီနေရာမှာ အလေးထားပြီး တင်ပြလိုတာက ကာကွယ် ဆေးထိုးနှံထားခြင်းနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဟာ ရောဂါကြောင့်သေဆုံးမှုကို သိသိသာသာလျှော့ကျစေတာတွေ့ရပါတယ်။ ဒါကြောင့် ကာကွယ် ဆေးနဲ့ ထပ်ဆောင်းကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး ၊ အပိုထပ်ဆောင်း ကာကွယ်ဆေးတွေ မဖြစ်မနေ ထိုးထားဖို့ လိုအပ်ပါတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ (၁၁) ရက်မှ စက်တင်ဘာလ (၆) ရက်အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈) ဦးအထိရှိပြီး အဆိုပါ သေဆုံးသူများထဲတွင် အသက်(၃၀) မှ (၈၇) နှစ်အထိ ပါ ဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ သေဆုံးသူများထဲတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ (၁) ဦးပါဝင်ပြီး ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူ (၆) ဦးပါဝင်ကာ ယခင် ရောဂါအခံရှိသူ (၆) ဦး ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here