Saturday, December 13, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeNewsLocal Newsဖျာပုံနှင့်မအူပင်မြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲဖျက်ဆီးမှုများပြု လုပ်ခဲ့ကြသူ...

ဖျာပုံနှင့်မအူပင်မြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲဖျက်ဆီးမှုများပြု လုပ်ခဲ့ကြသူ ၁၉ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ဖျာပုံနှင့်မအူပင်မြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲဖျက်ဆီးမှုများပြု လုပ်ခဲ့ကြသူ ၁၉ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


ဧရာဝတီတိုင်း၊ဖျာပုံနှင့်မအူပင်မြို့နယ်တို့တွင် ပစ် ခတ်တိုက်ခိုက်သတ်ဖြတ်မှုများ၊ဖောက်ခွဲဖျက် ဆီးမှုများပြုလုပ်ခဲ့ကြသူ ၁၉ ဦးအား သြဂုတ် ၂၉ ရက်မှစတင်၍ လုံခြုံရေးအဖွဲ့ဝင်များက လက် နက်ခဲယမ်းများနှင့်အတူ အသီးသီးဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


ဖမ်းဆီးရမိမှုများတွင် သြဂုတ် ၂၃ ရက်က ဖျာပုံမြို့နယ်၊ချောင်းတွင်းကျေးရွာအနီးရှိ KM စား သောက်ဆိုင်သို့ လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးရောက်ရှိလာကာ အမျိုးသမီး ၂ ဦးအား “ဒလန်” ဟုစွတ်စွဲ၍ သေနတ်ဖြင့်ပစ်သတ်ကာ ရွှေထည်ပ စ္စည်းအချို့အား လုယက်ယူဆောင်သွားခဲ့ကြသည်။


သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အမျိုးသမီး ၂ ဦးအား ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဖျာပုံပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင် စဉ်သေဆုံးသွားခဲ့၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် Black Dragon Force Pyapon-BDFP အဖွဲ့ဝင်များဖြစ်သည့် ကောင်းစည်သူ၊အောင်မိုးမြင့်(ခ)အေးမင်းသူ(ခ)အေးမင်းနှင့်သိမ့်တြာလှိုင် တို့အား သြဂုတ် ၂၉ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဩ ဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် BDFP အဖွဲ့ဝင် တီးတီး(ခ)ကိုကိုအောင်နှင့်စံလင်းစံ၊ စက်တင်ဘာ ၁ ရက်နံနက်ပိုင်းတွင် ဟိန်းသူလွင်(ခ)သာကဒိုး၊ဇော်မင်းသူ(ခ)မက်စီ(ခ)မျောက်ကြီး၊ကျော်သူရ၊ကျော်ဇောဦး၊ နေ့လည်ပိုင်းတွင် ဝင်းမြတ်သိန်းဇော်နှင့်မအူပင် PDF အဖွဲ့ဝင်များဖြစ်သည့် စိုင်းနောင်(ခ)လက်ယာ၊မျိုးမင်းဦး၊ဝေဖြိုးအောင်၊သူရဦးနှင့်ငြိမ်းချမ်း တို့အားအသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။ 


ထို့ပြင် ယင်းနေ့ညနေပိုင်း၌ BDFP အဖွဲ့ဝင် ကျော်ဆန်းဦးနှင့်သူရဖြိုး(ခ)ဝတုတ် တို့အားထပ်မံဖမ်း ဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် သူရဖြိုး(ခ)ဝတုတ် မှအဖမ်းမခံဘဲ လုံခြုံရေးအဖွဲ့ဝင်များ၏ သေနတ်အားလုယူ၍ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက် လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး နေ့လည်ပိုင်းကလည်း BDFP အဖွဲ့ဝင် ရဲဇော်ထက်(ခ)မောင်မောင်၊ထွန်းထွန်းဦး(ခ)စနေ တို့အားဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှ အမျိုးသား ၁၈ ဦးနှင့်အမျိုးသမီး ၁ ဦး (စုစုပေါင်း ၁၉ ဦး)အား ပစ္စတို ၄ လက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး ၂ ဦးအမည်ပါ ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖျာပုံနှင့်မအူပင်မြို့နယ်တို့၌ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်ခံရမှုများနှင့်ဖောက်ခွဲတိုက်ခိုက်မှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071