Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsလှိုင်းဘွဲ့မြို့တွင် ရွှေဆိုင် (၂)...

လှိုင်းဘွဲ့မြို့တွင် ရွှေဆိုင် (၂) ဆိုင်မှ သိန်း (၆၂၀) ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဝင်ရောက်လုယက်မှုဖြစ်ပွား

လှိုင်းဘွဲ့မြို့တွင် ရွှေဆိုင် (၂) ဆိုင်မှ သိန်း (၆၂၀) ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဝင်ရောက်လုယက်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား အမည်မသိ လက်နက်ကိုင်များက လုယက်ယူဆောင်သွားကြောင်း နစက က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) နံနက် (၉)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ မြို့မရပ် ကွက်ရှိ သရဖူ အာမခံရတနာရွှေဆိုင်နှင့် “ထွန်း” ရွှေဆိုင်တို့တွင် အမည်မသိ လက်နက်ကိုင်များက ဝင်ရောက်ကာ လုယက်သွားခြင်းဖြစ် ကြောင်း သိရသည်။

ရွှေဂွန်း – လက်ပံတန်း ကူးတို့ဆိပ်သို့ စက်လှေ (၂) စင်းဆို က်ကပ်လာပြီး အမည်မသိ လက်နက်ကိုင် (၈) ဦး ဆင်းလာပြီး (၁)ဦးမှာ ကူးတိုဆိပ်တွင် စောင့်နေခဲ့ကာ ကျန် (၇) ဦးသည် မြို့မရပ်ကွက်အတွင်း သေနတ်ပစ်ဖောက်၀င်ရောက်လာပြီး ကူးတိုဆိပ်အနီးဖွင့်လှစ်ထားသည့် ဦးအော င်သန်းထွန်း (၄၄)နှစ် (ဘ) ဦးထွန်းထွန်းပိုင်ဆိုင်သည့် “သ ရဖူ” အာမခံရတနာရွှေဆိုင်မှ ရောင်းချမည့် ရွှေထည်ပစ္စ ည်းများကို ဝင်ရောက် လုယက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ “သရဖူ” ရွှေဆိုင်တွင် ခင်းကျင်းပြသထားသည့် မှန်ကောင်တာ (၂) ခုနှင့်  ဦးဝေသန့်ဇင် (၅၁)နှစ်၊ (ဘ) ဦးသိန်းလွင်ပိုင်ဆိုင်သည့် “ထွန်း” ရတနာရွှေဆိုင်မှ မှန်ကော င်တာ (၃) ခုတို့အား အမည်မသိ လက်နက်ကိုင်များက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးကာ “သရဖူ” အာ မခံရတနာရွှေဆိုင်မှ ရွှေလက်စွပ် (၁၀၀) ကွင်း၊ ရွှေလက် ကောက် (၂၀) ကွင်း၊ ရွေဆံညှပ် (၄) ခု ခန့်မှန်းတန်ဖိုးငွေသိန်း (၆၀၀) ခန့်နှင့် “ထွန်း” ရတနာရွှေဆိုင်မှ ရွှေနားကပ် (၁၀) ရံ ခန့်မှန်းတန်ဖိုး သိန်း(၂၀) ခန့်၊ စုပေါင်းခန့်မှန်းတန်ဖိုး (၆၂၀)  ခန့်အား လုယက်ယူဆောင်ကာ လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့် ပြန်လည်ထွက် ပြေးသွားသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အဆိုပါ လုယက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071