ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ရောင်းမည်ဟု ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေးနှုန်း (၂၅၀) ကျော် ပြန်ကျ

0
402

ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ရောင်းမည်ဟု ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေးနှုန်း (၂၅၀) ကျော် ပြန်ကျ

စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုးကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမည်ဟု ဗဟိုဘဏ်က သတင်းထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို စက်သုံးဆီဈေးနှုန်း ၂၅၀ ဝန်းကျင် ပြုတ်ကျသွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁) ရက် ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်နေသည့် ဈေးနှုန်းများအရ 92 (၁) လီတာလျင် ၂၃၇၅ ကျပ်၊ 95(၁) လီတာလျင် (၂၄၄၀) ကျပ်၊ ပရီမီယံ ဒီဇယ် (၁) လီတာလျင်  (၃၂၂၅) ကျပ်နှင့် ရိုးရိုး ဒီဇယ် (၁) လီတာလျင် (၃၁၄၀) ကျပ် ဈေးနှုန်းသတ်မှတ် ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများမှာ စက်တင်ဘာ (၁) ရက်အတွက် စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများ ဖြစ်သည်။

အလားတူ ပဲခူးတိုင်းတွင်လည်း 92 Ron တစ်လီတာလျင် ၂၃၈၀ ကျပ်သို့ ပြန်လည်ကျဆင်းလာပြီး မန္တလေး၊နေပြ ည်တော်၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

ထို့အတူ မြစ်ကြီးနားနှင့်စစ်တွေ တွင် ၂၅၀၀ ကျော်၊ဟားခါးတွင် ၂၆၀၀ ကျပ်ကျော်နှင့် ကျိုင်းတုံတွင် ၃၀၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော် မတီ၏ စက်သုံးဆီ ရည်ညွန်းလက်ကားစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၂၂၆၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၂၇ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၃၀ ၁၁ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ် လီတာလျင် ၃၀၉၁ ကျပ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here