Monday, June 9, 2025

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ...

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့်...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည်...

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ်...
HomeNewsLocal Newsအမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍...

အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနောက်စိမ်းသန့်စင်ရုံတည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံလာရောက်တွေ့ဆုံတင်ပြ

အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနောက်စိမ်းသန့်စင်ရုံတည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံလာရောက်တွေ့ဆုံတင်ပြ

ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်း၌ အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနှောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်လိုသည့် Than Lwin Shwe Technology Co.,Ltd မှတာဝန်ရှိသူ များက သြဂုတ် ၃၀ ရက်တွင် ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးထံလာရောက်တွေ့ဆုံတင် ပြခဲ့သည်။

Than Lwin Shwe Technology Co.,Ltd မှအမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှပ်နှံ၍ တစ်နှစ်လျှင် ခနှောက်စိမ်းတန်ချိန် ၉၀၀ ခန့်ထုတ်လုပ်နိုင်သည့် ၄၅ နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံအား ဘားအံမြို့နယ်အတွင်း၌ တည်ဆောက်လိုသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြခဲ့သည်။

အဆိုပါ စက်ရုံအား မြေဧရိယာ ၈ ဧကမှ ၁၀ ဧကခန့်ပေါ်၌ မီးခိုးထွက်မှုမရှိသလောက်နည်းပါးသည့် သန့်စင်နည်းပညာအား အသုံးပြုသွားမည်ဖြစ်ကာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

အလားတူ စက်ရုံတည်ဆောက်ခွင့်ရပါက သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကိုလည်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

ထို့သို့ ဆွေးနွေးတင်ပြမှုအား ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန် ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ သွေးလင်းထက် Lumpinee – 112 ပွဲစဉ်တွင် ဒုခေါင်တွဲဆိုင်းအနေဖြင့် ထိုးသ -တ်ရမည်

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ ခရစ်ပက်ချ်သည် ONE တွင် (၅)ပွဲထိုး (၃) ပွဲရှုံး (၂)ပွဲ နိုင်ရလဒ်ပိုင်ဆိုင်ထားသည့် မာဂုဏ်မြင့် ဖို-က်တာတစ်ဦး ဖြစ်သည်။ ယခုပွဲစဉ်အတွင်း ရိုးရာဖိုက်တာ (၃) ဦးအထိ ပါဝင်ထိုးသ - တ်သွားမည်ဖြစ်ကာ၊ ရိုးရာဖိုက်တာ မိုးထက်အောင်နှင့်မျက်နှာသစ် ရိုးရာဖိုက်တာ စောမင်းမင်းဆိုသူလည်း ပါဝင်လာသည်။ ရိုးရာဖိုက်တာ မိုးထက်အောင်မှာ မွေထိုင်းဖိုက်တာ...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းရုံးနေရာ၌ တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေ ထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071