ဇင်းကျိုက်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲ ၁ ဦးဒဏ်ရာရ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးထပ်တွေ့
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့၊ဆားဖိုစုရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သြဂုတ် ၃၀ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းနေ့ည ၈ နာရီခွဲခန့်က ဆားဖိုစုရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးရှေ့တွင် လက်လုပ်ဗုံးတစ်လုံးပေါက် ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ လှေကားအတက်အဆင်းနေရာ၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အခင်းဖြစ်နေရာမှပြန် လည်ထွက်ခွာသွားချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ဓာတ်တိုင်အောက်မှ ည ၉ နာရီ ၁၅ မိနစ်ခန့်၌ လက်လုပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးရှိ ဦးသိန်း(၅၃)နှစ်၏ ဦးခေါင်း၌ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် အောင်နဝရတ်လူမှုကူညီရေးအသင်းကားဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာက စိုးရိမ်စရာတော့မရှိပါဘူး စစ် သားတွေရဲတွေက ဖြစ်စဥ်ကိုလာစစ်ပြီးတော့ ပြန် သွားတယ် အဲဒီအချိန်မှာ ရပ်ကွက်ထဲကလူတွေက ရုံးကိုလာကြည့်ကြတုန်း ပေါက်ကွဲတဲ့အချိန်မှာ ထိ ခိုက်မိတာပါ လက်လုပ်ဗုံးက သံပိုက်နဲ့လုပ်ထားတာကိုတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။