ဒလတွင် လဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်များ သေနတ်ဖြင့်ပစ်ခတ်ခံရ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

0
205

ဒလတွင် လဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်များ သေနတ်ဖြင့်ပစ်ခတ်ခံရ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒလမြို့နယ်၊သမ္တကမ်းခြေရပ်ကွက်ရှိ လဖက်ရည်ဆိုင်၌ ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်များ သြဂုတ် ၃၀ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် ရာအိမ်မှူးဦးစိုးမင်းဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ လဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအဖွဲ့ဝင်များအား အမည်မသိအမျိုးသား ၃ ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးစိုးမင်းဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား ၃ ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ဒဏ်ရာရရှိသူ ၃ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၃ ယောက်ကလည်း ရာအိမ်မှူးတွေပဲလို့ သိရတယ် အခုဆေးကုသနေပါတယ် လုံခြုံ ရေးအတွက် ကင်းလှည့်ပြီးပြန်လာတဲ့အချိန် လဖက်ရည်ဆိုင်မှာထိုင်နေကြတုန်းဝင်ပစ်ခံလိုက်ရတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သာတစ်ဦးကပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရ မိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here